နေပြည်တော်၊ ဇွန် ၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ နေထိုင်နိုင်ရန်နှင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)၌ တည်ဆောက်ထားသည့် နှစ်ခန်းတွဲ လေးခန်းပါဘာရှာများ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း၌ Prefabricated Officesများ တည်ဆောက်တပ်ဆင်ပြီးစီးမှုနှင့် အားကစားကွင်း၊ အားကစားရုံဌာနခွဲမှ ဝန်ထမ်းများ ရုံးလုပ်ငန်းများ အချိန်မီတင်ပြပေးပို့နိုင်ရေးအတွက် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment