ဘိုကလေးမြို့နယ်တွင် လိုင်စင်မဲ့နှင့် လိုင်စင်သက်တမ်းလွန်ဆိုင်ကယ်များ ရောင်းချမှု ရှိ/မရှိစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် လိုင်စင်မဲ့နှင့် လိုင်စင်သက်တမ်းလွန်ဆိုင်ကယ်များ ရောင်းချမှု ရှိ/မရှိစစ်ဆေး





ဘိုကလေး၊ ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်များ၌ လိုင်စင်မဲ့နှင့် လိုင်စင်သက်တမ်းလွန်ဆိုင်ကယ်များ ရောင်းချနေခြင်း ရှိ/မရှိအား  တာဝန်ရှိသူများပူးပေါင်းကာ ဇွန်လ (၁) ရက်နေ့ ညနေ (၃) နာရီအချိန်က ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြသည်။

လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးဟန်စိုးနောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ ဘိုကလေးမြို့ပေါ်ရှိဆိုင်ကယ်နှင့် ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင် (၃) ဆိုင်တို့အား လိုင်စင်မဲ့ဆိုင်ကယ်များ ရောင်းချခြင်း ရှိ/မရှိနှင့် လိုင်စင်သက်တန်းလွန် ဆိုင်ကယ်များ ရှိ/မရှိတို့ကို ရှောင်တခင်စစ်ဆေး၍ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရေး၊ ဆိုင်ကယ်ဝယ်ယူသူတိုင်းအား ဆိုင်ကယ်စီးဦးထုပ်များ တစ်ပါတည်းရောင်းချပေးရေးတို့ကို ဆွေးနွေးလမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။


မိုးစက် (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)