မြောက်ဥက္ကလာပ၊ ဇွန် ၃
ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေး နှုန်းချိုသာစွာဖြင့် ရောင်းချ ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ် စုရပ် နေရာ များတွင် ရောင်းချ ပေးခဲ့ကြသည်။
ထို့သို့ ရောင်းချ ပေးရာတွင် ကြက်ဥ တစ်လုံး ၃၆၅ ကျပ် နှုန်းဖြင့် ကြက်ဉ အလုံးရေ ၂၁၀၀၀ လုံးအား မြို့နယ်အတွင်းရှိ (ဆ)ရပ်ကွက်၊မေဓာဝီလမ်း ၊ (ည)ရပ်ကွက်၊ခေမာကျောင်းလမ်း ၊ (ရွှေပေါက်ကံ/၁၄)ရပ်ကွက်၊ရာဇဓိရာဇ်လမ်း ၊ (ခ)ရပ်ကွက်၊မဇ္ဈလမ်း ရပ်ကွက်များအလိုက် တာ၀န်ရှိသူများက စနစ်တကျ ဖြန့်ဝေ ရောင်းချ ပေးရာ မြို့နယ်ဌာနဆိုင်ရာတာ၀န်ရှိသူများ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ၊စည်ပင်သာယာရေး၀န်ထမ်းများက လိုအပ်သည်များကို ဝိုင်း၀န်းကူညီ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment