ဇွန် - ၂၄ ( အင်္ဂါနေ့ )
အီရန်နှင့် အစ္စရေးတို့သည် ရန်လိုမှုများကို အဆုံးသတ်ရန် သဘောတူညီခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ညနေပိုင်းတွင် ပြောကြားခဲ့ပါတယ်။ အီရန်က ၎င်းရဲ့နျူကလီးယားစက်ရုံများကို အမေရိကန်ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ကာတာရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်များဖြင့် ပစ်ခတ်ပြီးနောက် နာရီပိုင်းအကြာတွင် ယင်းကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
“အစ္စရေးနဲ့ အီရန်တို့ကြား အပြီးအပြတ်နဲ့ စုစုပေါင်း ၁၂ နာရီကြာ ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးနဲ့ အီရန်တို့ကြား အပြည့်အဝ သဘောတူညီထားပြီးပြီလို့ ထရမ့်က သူ၏ Truth ဆိုရှယ် ပလက်ဖာင်းမှာ ရေးသားခဲ့ပါတယ်။
"တရားဝင်အားဖြင့်၊ အီရန်သည် အပစ်အခတ်ရပ်စဲရေးကို ၁၂ နာရီတွင် စတင်မည်ဖြစ်ပြီး အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးကို ၂၄ နာရီတွင် စတင်မှာဖြစ်ပါတယ်။ ၁၂ ရက်ကြာစစ်ပွဲအပြီးတွင် အပစ်အခတ်ရပ်စဲရေးတွင် တစ်ဖက်နှင့်တစ်ဖက် ငြိမ်ဝပ်ပိပြားစွာတည်ရှိနေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
“အရာရာတိုင်းဟာ ဖြစ်သင့်ဖြစ်ထိုက်သလို လုပ်ဆောင်နေတယ်လို့ ယူဆတဲ့အတွက် အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံစလုံးကို လုံ့လ၊ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ အဆုံးတိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် “၁၂ ရက်စစ်ပွဲ” လို့ ခေါ်ဆိုသင့်တယ်လို့ Trump က ရေးသားခဲ့ပါတယ်။
တီဟီရန်နှင့် အနောက်ဂျေရုဆလင်တို့ကလည်း အဆိုပါကြေညာချက်ကို တုံ့ပြန်ခြင်းမရှိပေ။ ထရမ့် ပိုစ်တင်ပြီး နောက်တွင် အစ္စရေးက အီရန်ရဲ့ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ဆိုရှယ်မီဒီယာပေါ်က အတည်မပြုနိုင်တဲ့ သတင်းတွေက ဖော်ပြနေဆဲဖြစ်ပါတယ်။
တီဟီရန်က အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံရရှိခြင်း မရှိကြောင်း နဲ့ ထရန့်ရဲ့မှတ်ချက်ကို လှည့်စားမှု အဖြစ် ရှုမြင်မယ်လို့ အီရန်အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့ပါတယ်။ “ယခုအချိန်မှာတော့ ရန်သူက အီရန်ကို ရန်လိုတိုက်ခိုက်နေပြီး အီရန်ဟာ ရန်သူတွေရဲ့ မုသားစကားတွေကို နားမထောင်ဘဲ လက်တုံ့ပြန်တဲ့အနေနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်”လို့ ၎င်းက ပြောပါတယ်။
သို့သော်လည်း အပစ်အခတ်ရပ်စဲရေးကို တီဟီရန်ဘက်က သဘောတူကြောင်း အတည်ပြုခဲ့တယ်လို့ အခြား အီရန်အကြီးတန်းအရာရှိတစ်ဦးက ဆိုထားတာရှိပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment