ရုရှား က ယူကရိန်းစစ်ရေးလေ့ကျင့်ရေးနေရာတွေကို တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှား က ယူကရိန်းစစ်ရေးလေ့ကျင့်ရေးနေရာတွေကို တိုက်ခိုက်


ဇွန် - ၂၄ ( အင်္ဂါနေ့ ) 

ရုရှားတပ်ဖွဲ့များသည် ကိယက်ဗ်မြို့၌ အသစ်စုဆောင်းထားသော တပ်ဖွဲ့ဝင်များကို လေ့ကျင့်ရန် အသုံးပြုသည့် နေရာနှစ်ခုကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ယင်းကဲ့သို့ ဖြစ်ရပ်များနဲ့ပတ်သက်ပြီး တာဝန်ခံမှုကင်းမဲ့တယ်လို့ ပြစ်တင်ဝေဖန်ခဲ့သော ယူကရိန်း စစ်ဦးစီးချုပ်တစ်ဦး ရာထူးမှ နုတ်ထွက်ပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ 

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များသည် ၎င်းတို့၏ စစ်တပ်များကို မြှင့်တင်ရန် မသင်မနေရ စစ်မှုထမ်းခြင်း အပေါ် အားကိုးကြပြီး ပုံမှန်အားဖြင့် ၎င်းတို့ကို ရှေ့တန်းမလွှတ်မီ အခြေခံ သင်ကြားပို့ချရန်အတွက် လေ့ကျင့်ရေး နေရာများကို စစ်သားသစ်များအား စေလွှတ်လေ့ရှိပါတယ်။ 

ရုရှားစစ်တပ်က အိုက်စ်ကန်ဒါ ဒုံးကျည်များနဲ့ မကြာသေးမီက ယင်းအဆောက်အအုံနှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာပါ။  ပထမတိုက်ခိုက်မှုက ယူကရိန်းနိုင်ငံ ဆူမီမြို့အနီးက လေ့ကျင့်ရေး နေရာဖြစ်ပြီး လူပေါင်း ၁၀၀ ထက်မနည်း သေဆုံးပြီး စစ်သုံးယာဉ် ၁၄ စီးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယမြောက် တိုက်ခိုက်မှုသည် ရုရှားနိုင်ငံ ခါဆန်ဒေသရှိ ယူကရိန်း ထိန်းချုပ်မှုအောက်ရှိ ဧရိယာကို ထိမှန်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အဆိုပါ စစ်ဆင်ရေးတွင် ယူကရိန်းတပ်ဖွဲ့ဝင် ၇၀ ခန့် ကျဆုံးခဲ့ပြီး ကားအစီးရေ ၁၀ဝ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းစစ်တပ်ဘက်ကတော့ လေ့ကျင့်ရေးနေရာတစ်ခုအား တိုက်ခိုက်မှုကို အတည်ပြုခဲ့သော်လည်း တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုပါတယ်။ 

ဇွန်လအစောပိုင်းက ယူကရိန်းဗိုလ်ချုပ်ကြီး မီခေးလ်ဒရာပက်တီသည် အလားတူ အသေအပျောက်များ ဖြစ်ပွားပြီးနောက် မြေပြင်တပ်များ၏ တပ်မှူးအဖြစ်မှ နုတ်ထွက်ခဲ့ပါတယ်။ သူ့ရဲ့ ဆိုရှယ်မီဒီယာ ပို့စ်တစ်ခုမှာ တပ်သားဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်ပိုင်းအတွင်း အပြစ်ပေးခံရခြင်းမရှိဆိုတာက ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်နေတယ်ဆိုပြီး ရှုတ်ချခဲ့ပါတယ်။ ယူကရိန်းနိုင်ငံထုတ် Suspilne သတင်းဌာန၏ ဖော်ပြချက်အရ ဇွန် ၁ ရက်က ရုရှား၏ တိုက်ခိုက်မှုတစ်ခုတွင် ယူကရိန်းစစ်သား ၁၂ ဦးထက်မနည်း သေဆုံးပြီး အခြား ၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ကိယက်ဗ်ရှိ အာဏာပိုင်များက တည်နေရာအတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ 


REF: RT             

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)