ပေါင်၊ ဇွန် ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက (အမက)ဇာကဒွန်း ကျောင်း၌ကျင်းပရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန် က
မွန်ပြည်နယ်အတွင်း မိုးတွင်းကာလ၌ အဖြစ်များသည့် ရေဘေး၊ မုန်တိုင်းဘေးနှင့် ပတ်သက်သည့် ဗဟုသုတများ မုန်တိုင်းအရောင်အဓိပ္ပါယ်ဖွင့်ဆိုချက်များ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများ ကာကွယ်ရမည့်အချက်များ ဘေးအန္တရာယ်ဖြစ်ပွားစဥ် ပြုလုပ်ရမည့်အချက်များ /ရှောင်ရှားသင့်သည့်အချက်များအား ကလေးငယ်များ သိရှိလိုက်နာနိုင်ရန် အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ (အမက) ဇာကဒွန်း ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထုတ်ဝေသော ရေဘေးနှင့် မုန်တိုင်းဘေးနှင့် ပတ်သက်သည့် လက်ကမ်းစောင်များကို အခမဲ့ ပေးဝေခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment