မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဘာသာရေးအဆောက်အအုံများ မွမ်းမံပြင်ဆင်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဘာသာရေးအဆောက်အအုံများ မွမ်းမံပြင်ဆင်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းငွေများပေးအပ်


ရန်ကုန်၊ ဇွန် ၂၀

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ ဘာသာရေးအဆောက်အအုံများ မွမ်းမံပြင်ဆင်နိုင်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းငွေများ ပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၁၇ ရက်က ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေးနှင့် အလုပ်အမှုဆောင်များ၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ သိန်းထွန်းဆောင်နှင့် ကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်နှင့် ကော်မတီ ဝင်များ၊ အသင်းမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များ တက်ရောက်ကြသည်။

လှူဒါန်းမှုအနေဖြင့် စစ်ကိုင်းမြို့ရှိ ရွှေဟင်္သာတိုက်သစ်ကျောင်းအတွက် ငွေကျပ်သိန်း ၅၀၀၊ ရတနာသိင်္ဂီ (ပရဟိတ) သီလရှင်စာသင်တိုက်အတွက် ငွေကျပ် သိန်း ၅၀၀၊ ခရစ္စတီယာန် သခင်မ ဘုရားကျောင်းအတွက် ငွေကျပ် သိန်း ၂၅၀၊ အောင်မြေသာစံမြို့နယ်ရှိ ကသီဒြယ်ဘုရား ကျောင်းအတွက် ငွေကျပ်သိန်း ၁၀၀၊ စဉ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာရှိ စိန့်ဂျော်ကင်နှင့် စိန့်အန်နား ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းအတွက် ငွေကျပ် သိန်း ၁၅၀၊ အမရပူရမြို့နယ် ဗုံးအိုးကျေးရွာရှိ ဗုံးအိုးအရှေ့ဗလီအတွက် ငွေကျပ်သိန်း ၂၅၀၊ အစ္စလာမ်ဇာရိုကီရာစာသင် ကျောင်းအတွက် ငွေကျပ်သိန်း ၂၅၀၊ အောင်မြေသာစံမြို့နယ်ရှိ အမ်ဘီကာမယ်တော်ကြီး ဟိန္ဒူ ဘာသာရေးကျောင်းအတွက် ငွေကျပ် သိန်း ၂၅၀၊ စစ်ကိုင်းမြို့ရှိ သီရိဆသ်နရ်ယန် ဟိန္ဒူဘုရား ကျောင်းအတွက် ငွေကျပ်သိန်း ၂၅၀ တို့ကို လှူဒါန်းခဲ့သည်။

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ဘာသာရေး အဆောက်အအုံများ မွမ်းမံပြင်ဆင်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စုစုပေါင်းငွေကျပ်သိန်း ၂၅၀၀ တိတိကို လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)