ဒုတိယဝန်ကြီး ဦးဝင်းရှိန် လူငယ်လူရွယ်များ အလုပ်အကိုင်တိုးတက်ရရှိရေး ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်၍ သက်မွေးပညာသင်တန်းများပို့ချနေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းရှိန် လူငယ်လူရွယ်များ အလုပ်အကိုင်တိုးတက်ရရှိရေး ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်၍ သက်မွေးပညာသင်တန်းများပို့ချနေမှု ကြည့်ရှုအားပေး


ရန်ကုန်၊ ဇွန် ၅

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရရှိရေးအတွက် လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်းနှင့် မော်တော်ယာဉ် စက်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်သည်။

ဦးစွာ ဒုတိယဝန်ကြီးက ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)တွင် ဈေးကွက်လိုအပ်ချက်များသော အလုပ်အကိုင်များဖြစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ ဂဟေဆက်ခြင်း၊ လေအေးပေးစက်တင်ဆင်/ပြုပြင်ခြင်း၊မော်တော်ယာဉ် စက်ပြင်၊ စားသောက်ဆိုင်ဝန်ဆောင်မှုနှင့် ဆောက်လုပ်ရေးအလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု သင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး လုပ်ငန်းခွင်ရှိ လုပ်သားများအတွက် Skills Upgrading သင်တန်းများနှင့်မွမ်းမံသင်တန်းများပါ စီစဉ်ဖွင့်လှစ်ပေးနေပါကြောင်း။

မြန်မာနိုင်ငံရှိ ကလေးအလုပ်သမားများအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရန်၊ ပညာရေးအခွင့်အလမ်းများတိုးတက်ရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ယူမှုအခွင့်အလမ်းများရရှိပြီး သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေနိုင်ရန် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီ (၈) ရပ်တို့ကိုဖွဲ့စည်းကာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များ ကို စီမံချက်ပါအတိုင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။     

ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီမှ အမျိုးသားအဆင့် လုပ်ငန်းစီမံကိန်း ၂၀၂၄-၂၀၂၈ ဒုတိယ ငါးနှစ်စီမံကိန်းကာလအတွင်း၂၀၂၅ ခုနှစ် မေလအကုန်ထိ (၂၁) ကြိမ်တွင် သင်တန်းသား ၅၃၀ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးမှုများကို စနစ်တကျအလေးထားမှတ်သားပြီး လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချရန်နှင့်မိမိတို့ လူနေမှုဘဝမြင့်မားစေရေး စဉ်ဆက်မပြတ်လေ့လာ သင်ယူရန် တိုက်တွန်းမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဗဟန်းမြို့နယ်ရှိShinRaiInternational Vocational Institute သို့သွားရောက်၍ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)