အသည်းရောင်အသားဝါရောဂါစီပိုးသည် ကုသဆေးများနှင့် လုံးဝပျောက်ကင်းအောင် ကုသနိုင်ပြီး အသည်းရောင်အသားဝါရောဂါ ဘီရောဂါပိုးအား ကာကွယ်ဆေးများ စနစ်တကျထိုးနှံမှုခံယူခြင်းဖြင့် ကာကွယ်နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသည်းရောင်အသားဝါရောဂါစီပိုးသည် ကုသဆေးများနှင့် လုံးဝပျောက်ကင်းအောင် ကုသနိုင်ပြီး အသည်းရောင်အသားဝါရောဂါ ဘီရောဂါပိုးအား ကာကွယ်ဆေးများ စနစ်တကျထိုးနှံမှုခံယူခြင်းဖြင့် ကာကွယ်နိုင်


နေပြည်တော်၊ ဇွန် ၅

အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ကမ္ဘာပေါ်တွင် နာတာရှည်အသည်းရောင်အသားဝါ စီရောဂါဖြစ်ပွားမှု သန်း ၅၀ ခန့်၊ တစ်နှစ်လျှင် လူနာသစ် တစ်သန်းခန့် ရှိနေပြီး ၂၀၂၂ ခုနှစ်တွင် လူဦးရေနှစ်သိန်းခွဲခန့်သည် အသည်းခြောက်ခြင်းနှင့်အသည်း ကင်ဆာရောဂါများကြောင့် သေဆုံးခဲ့ရပါကြောင်း၊ အသည်းရောင်အသားဝါရောဂါစီပိုးသည် ကုသဆေးများနှင့် လုံးဝပျောက်ကင်းအောင်ကုသနိုင်ပြီး အသည်းရောင်အသားဝါရောဂါ ဘီရောဂါပိုးအား ကာကွယ်ဆေးများ စနစ်တကျထိုးနှံမှုခံယူခြင်းဖြင့် ကာကွယ်နိုင်ပါကြောင်း။

ယခုအခါ ပြည်သူ့ဆေးရုံကြီး ၁၄ ရုံတွင် အသည်း ရောင်အသားဝါစီပိုးဆေး ကုသမှုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် လာရောက်မွေးဖွားသည့် မွေးကင်းစကလေးများကိုအသည်း အရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးပေးခြင်းနှင့် အသက် (၅) နှစ်အောက်ကလေးများတွင် အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးပါဝင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးကို လေးကြိမ်ထိုးနှံပေးခြင်းများဖြင့် အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ် တားဆီးပေးလျက်ရှိပါကြောင်း၊ အသည်းရောင် အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်မှုအခြေအနေနှင့် တွေ့ရှိရသောအခက်အခဲများကို ဆွေးနွေးသုံးသပ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကိုလူနာများအတွက် အကျိုးရှိထိရောက်စွာအသုံးပြုနိုင်ရေးနှင့် လူနာဆေးကုသမှု ပိုမိုဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အား နေပြည်တော်မင်္ဂလာသီရိဟိုတယ်၌ ဆက်လက်ကျင်းပပြီး တက်ရောက်လာကြသူများက အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် အခက်အခဲများအား သုံးသပ်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် အသည်းရောင်အသားဝါဘီရောဂါကင်းစင်ပပျောက်ရေး (Triple Elimination) နှင့် အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ် ရေးအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို ပြန်လည်သုံးသပ်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း များချမှတ်ခြင်းတို့ကို ဇွန် ၄ ရက်မှ၅ရက်အထိ နှစ်ရက်တာ သုံးသပ်ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူးများ၊ အသည်းရောင်အသားဝါရောဂါ စီပိုးကုသမှုလုပ်ငန်းဆောင်ရွက် ပေးလျက်ရှိသော ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခသမားတော်ကြီးများ၊ အသည်းရောဂါဆေးပညာဌာန ပါမောက္ခများ၊ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)၊ Myanmar CDC နှင့် ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တို့မှ အထူးကုဆရာဝန်ကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Clinton Health Access Initiative (CHAI) အဖွဲ့၊ မြန်မာ့အသည်းဖောင်ဒေးရှင်းနှင့် မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)