မန္တလေးငလျင်ကြောင့် ပျက်စီးသွားသည့် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ကြောင့် ပျက်စီးသွားသည့် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ကွင်းဆင်းဆောင်ရွက်




အမရပူရ  ၊ ဇွန် ၅


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးမှ ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး၊ ပျက်စီးသွားသော အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုအခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အမရပူရမြို့နယ်၊  ကြည့်မြင်တိုင်​ကျေးရွာအုပ်စုတွင် ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါမန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုဇယား ၃၀ ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၅ခု တို့ကို တိုက်နယ်မှူးဒုတိယလဝကမှူးဒေါ်သော်တာလွင် ဦးဆောင်သောအဖွဲ့မှအခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှသိရသည်။

စိုးသီဟ (အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)