တာမွေ၊ ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီမှ ပညာရေးကော်မတီက ကြီးမှူးကျင်းပသည့် “ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဆွေးနွေးပွဲ ” အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အဆိုတော် အေးမြဖြူမှ မင်္ဂလာပါသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများမှ လူငယ်နှင့် အားကစား၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ ဆက်လက်၍ တက်ရောက် လာကြသူများအား မြန်မာ့သိုင်းအဖွဲ့မှ ဖျော်ဖြေတင်ဆက်ခဲ့ပြီး သိပ္ပံနှင့်နည်းပညာ ကော်မတီမှ AI အကြောင်းနှင့် ယနေ့ခေတ် လူငယ်များအတွက် သိရှိလိုက်နာဆောင်ရွက်ထားသင့်သည့် 5 Quotients နှင့် အလုပ်အကိုင်အခွင့် အလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်း သား/သူ၊ လူငယ်လူရွယ်လေးများမှ ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုခဲ့ကြသည်။
ဆက်လက်ပြီး ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ အမှာစကားပြောကြားခဲ့ပြီး အားကစား နှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်တင်တင်လှိုင်မှ ကော်မတီ၏လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပညာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးညီညီနိုင်(Dr.ဇီဝ)မှ ဆွေးနွေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန် တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost






No comments:
Post a Comment