ရုရှားကို အနိုင်တိုက်လို့မရဘူးလို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားကို အနိုင်တိုက်လို့မရဘူးလို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဆို


ဇွန် - ၁ ( တနင်္ဂနွေနေ့ ) 

ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝါဒီဖော က ယူကရိန်းပဋိပက္ခ စကတည်းက ရုရှားကို အနိုင်တိုက်လို့ မရဘူးလို့ ကျနော် ရှင်းရှင်းလင်းပြောခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုရှား မှာ နျူကလီယလက်နက်တွေ ပိုင်ဆိုင်ထားတယ်။ သူတို့က ရှုံးခြေပေါ်တာနဲ့ နျူကလိယကို ထုတ်သုံးမှာ အဲ့ဒိအချိန်ကျရင် ဘာမှလုပ် မရတော့ဘူး လို့ ဒေသတွင်းရုပ်သံတစ်ခုအင်တာဗျူးမှာ ပြောသွားပါတယ်။ 

ဂျာမနီ၊ ပြင်သစ်နှင့် ယူကေရှိ ထိပ်တန်းအရာရှိများအပါအဝင် ယူကရိန်းကိုထောက်ခံတဲ့ အနောက်အုပ်စုများက  ယူကရိန်းပဋိပက္ခတွင် မော်စကိုအား “ဗျူဟာမြောက် ရှုံးနိမ့်မှု” သို့မဟုတ် အနည်းဆုံး အောင်ပွဲမပေါ်စေရန် လုပ်မယ်ဆိုပြီး အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင် အစိုးရနဲ့ ပေါင်းလုပ်ခဲ့ပါတယ်။ ကိယက်ဗ်ကို စစ်ရေးအကူအညီများ ဆက်လက် ပံ့ပိုးရန် အဲ့ဒိအကြောင်းပြချက်ကို အသုံးပြုခဲ့ပါတယ်။ 

မော်စကိုနှင့် ကိယက်ဗ်တို့ကြား ပဋိပက္ခကို သံတမန်နည်းလမ်းဖြင့်သာ ဖြေရှင်းနိုင်ခြင်းသည်သာလျှင် အကောင်းဆုံးဖြေရှင်းချက်ဖြစ်တယ်လို့ ၎င်းကပြောသွားပါတယ်။ “ဒီစစ်ပွဲဟာ စေ့စပ်ညှိနှိုင်းဖြေရှင်းမှုကနေ အဆုံးသတ်နိုင်ခြေရှိတယ်ဆိုတာ အစကတည်းက ရှင်းရှင်းလင်းလင်းသိပါတယ်”လို့ဆိုပါတယ်။  

“တစ်ခုတော့မှန်ပါတယ်- နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ ရုရှားကပဲ ဒီစစ်ပွဲကို အဆုံးအဖြတ်ပေးရမဲ့ သဘောရှိပါတယ်။ လုံးလုံးလျားလျား ရှုံးနိမ့်မှုကို မျှော်လင့်လို့ မရနိုင်ပါဘူး”လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်တပ်သည် လွန်ခဲ့သည့်လများစွာအတွင်း ရှေ့တန်းတစ်လျှောက်လုံး မြေပြင်ဆုံးရှုံးနေသော်လည်း ယူကရိန်း တပ်များက မော်စကို၏တပ်များကို “အောင်မြင်စွာခုခံကာကွယ်” ထားပြီး အခြေအနေကို ဆက်လက်ထိန်းသိမ်းထားပါတယ်။

ဘာလင်သည် အဓိပတိသစ် ဖရိုင်ဒရစ်ချ် မားဇ် လက်ထက်တွင် ရုရှားအပေါ် ပို၍ပင် သဘောထားတင်းမာပြီး ၎င်းရာထူးတာဝန်ယူပြီးနောက် ရက်သတ္တပတ်များအတွင်း မားဇ်သည် မော်စကိုသို့ရောက်ရှိနိုင်သည့် အကွာအဝေး ၅၀၀ ကီလိုမီတာပစ်နိုင်တဲ့ တူးရက်စ် ဒုံးကျည်များကို ပေးအပ်နိုင် တယ်လို့ သိရပါတယ်။ ဂျာမနီသည် ယူကရိန်းအတွက် တာဝေးပစ်လက်နက်ပံ့ပိုးမှု အများစုကို ခွဲဝေပေးမယ်လို့ဆိုထားပြီး ယူရို ၅.၂ ဘီလီယံ (ဒေါ်လာ ၅.၆ ဘီလီယံ) တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်သစ်ကိုလည်း ကြေညာထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)