မန္တလေး ၊ ဇွန် ၁
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း(Grade-12)ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ် ဆေး ထိုးနှံပေးခြင်းကို စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ကြားလေ့ကျင့်ရေးစခန်း အမှတ်(၁၅) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာရေးစစ်ဆေးခြင်းများ၊ သွေးပေါင်းချိန် တိုင်းတာခြင်းများကို ဆောင်ရွက်ပြီး ကိုဗစ်ကာကွယ်ဆေး Pfizer ကို ထိုးနှံပေးကြရာ မဟာအောင်မြေခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ ချမ်းအေးသာစံမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်စုထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသရေးရာအသင်း အသင်းဝင်များက လိုအပ်သော ကူညီစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း(Grade-12) ဖြေဆိုရန်အတွက် အမှတ်(၁၅) အခြေခံပညာအထက်တန်းကျောင်း သင်ကြားလေ့ကျင့်ရေးစခန်းတွင် ကျောင်းသား(၁၆)အား ကျောင်းသူ(၂၁)ဦး သင်ကြားလျက်ရှိပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများအး ကိုဗစ်ကာကွယ်ဆေး Pfizer ကို ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment