အီရန်နိုင်ငံရေးသမားတွေ ပူတင်နဲ့တွေ့ဖို့ ကြိုးစားနေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီရန်နိုင်ငံရေးသမားတွေ ပူတင်နဲ့တွေ့ဖို့ ကြိုးစားနေပြီ


ဇွန် - ၂၃ ( တနင်္လာနေ့ ) 

မနေ့က အီရန်နိုင်ငံက နျူကလီးယားစက်ရုံများကို အမေရိကန်တို့က ဗုံးကြဲတိုက်ခိုက်ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ဂဟာချီ က ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ တွေ့ဆုံနိုင်ဖို့အတွက် မော်စကိုမြို့သို့  ရောက်ရှိနေပြီး ပူတင်နဲ့တွေ့ဆုံးနိုင်မယ်လို့ မယ်လို့ မျှော်လင့်နေပါတယ်။ 

မနေ့က အမေရိကန်သည် ဖော်ဒိုး၊ နတ်တန့်ဇ် နဲ့ အီစဖာဟန်  ရှိ နျူကလီးယားစက်ရုံများကို "ကြီးမားသော တိကျတဲ့ တိုက်ခိုက်မှု" ပြုလုပ်ခဲ့ပြီး အီရန်- အစ္စရေး စစ်ပွဲမှာ အစ္စရေးဘက်ကနေ ရပ်တည်နေကြောင်း ဖော်ပြလိုက်ပါတယ်။ 

မော်စကိုကို ရောက်နေတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များနဲ့တွေ့ဆုံရာမှာ သမ္မတပူတင်နဲ့ အရေးပေါ်တွေ့စရာရှိကြောင်း နဲ့ အီရန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် တောင်ဆိုလိုကြောင်း ပြောသွားပါတယ်။ ဒေသတွင်း လက်ရှိထူးခြားသော အခြေအနေများကြောင့် အီရန်နှင့် ရုရှားတို့သည် ပိုမိုနီးကပ်စွာ၊ ပိုမိုတိကျပြီး ပိုမိုလေးနက်သော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

ရုရှားသမ္မတ ပူတင်နှင့် အာရက်ဂဟာချီတို့ကြား တွေ့ဆုံမှုကို ကရင်မလင်နန်းတော်က အတည်ပြုခြင်း မရှိသေး ပေ။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အီရန်သည် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းသော ရည်ရွယ်ချက် အတွက် အသုံးပြုပိုင်ခွင့်ရှိကြောင်း အကြိမ်ကြိမ်ပြောထားတာရှိပါတယ်။ 

ပြီးခဲ့သည့် သီတင်းပတ်က စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် (SPIEF) တွင် မီဒီယာများနဲ့တွေ့ဆုံချိန်မှာ ၎င်းက ပဋိပက္ခကို ဖြေရှင်းရာတွင် အီရန်ရဲ့ ငြိမ်းချမ်းသော နျူကလီးယား ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အရေးနှင့် အစ္စရေး၏ လုံခြုံရေးဆိုင်ရာ အခွင့်အရေးများကို အကာအကွယ်ပေးမည့် အပြန်အလှန် လုံခြုံရေး အာမခံချက် များ ပါဝင်သင့်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။ 

အီရန်နျူကလီးယား စက်ရုံများပေါ်တွင် အမေရိကန်၏ တိုက်ခိုက်မှုကို ရုရှားက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်းတို့အား နိုင်ငံတကာ ဥပဒေကို ထင်ရှားသော ချိုးဖောက်မှုဟု စွပ်စွဲခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် အမေရိကန်ရဲ့ တိုက်ခိုက်မှုများသည် “မဆင်မခြင် ဆုံးဖြတ်ချက်” နှင့် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် သက်ဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း”ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


REF: RT    

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)