မှော်ဘီမြို့နယ်၌ရပ်ကွက် / ကျေးရွာစာကြည့်တိုက် များစာဖတ်ရှိိန်မြှင့်တင်ရေးဆွေးနွေးပွဲနှင့်MRTV DTH စလောင်းနှင့်ဆက် စပ်ပစ္စည်းများထပ်ဆင့်လှူဒါန်းပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ရပ်ကွက် / ကျေးရွာစာကြည့်တိုက် များစာဖတ်ရှိိန်မြှင့်တင်ရေးဆွေးနွေးပွဲနှင့်MRTV DTH စလောင်းနှင့်ဆက် စပ်ပစ္စည်းများထပ်ဆင့်လှူဒါန်းပေးအပ်ပွဲကျင်းပ




မှော်ဘီ   ၊ ဇွန်  ၂၃


      ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ရပ် ကွက် / ကျေးရွာစာကြည့်တိုက်များစာဖတ်ရှိိန်မြှင့်တင်ရေး၊စာကြည့်တိုက်များရှင်သန်ခိုင်မာရေးဆွေးနွေးပွဲနှင့်ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအား လှူဒါန်းသည့် MRTV  DTH စလောင်းနှင့်ဆက် စပ်ပစ္စည်းများထပ်ဆင့်လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက် ၉နာရီအချိန် ကညောင်ကုန်းကျေးရွာ အုပ်စု၊ မြောက်ချောကုန်းကျေးရွာ"မျိုးမြန်မာ" စာကြည့်တိုက်၌ကျင်းပခဲ့သည်။


  ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးစန်းဝင်း က ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များရှင်သန်ခိုင်မာပြီး အမြဲသက်ဝင်လှုပ်ရှားစေရန်နှင့် မိမိတို့စာကြည့်တိုက်စာအုပ်စာစောင်တိုးပွားရေး အတွက်အများ

ပြည်သူသိရှိနိုင်စေရန် စာကြည့်တိုက်လှုပ်ရှားဆောင်ရွက်မှုများကို လူမှုမီဒီယာများ၌ တင်ပြ၍စာကြည့်တိုက်များနှင့်ကွန် ယက်ချိတ်ဆက်ဆောင် ရွက်ရန် လိုအပ်ပါကြောင်းပြောကြားပြီစာပေများ ဖတ်ရှုနိုင်ရေးအတွက်စာပေဆိုင်ရာအသိပညာပေးဟောပြောကာစာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စာ ဖတ် ရှိိန်မြှင့်တင်ရေးကိစ္စရပ်များအားကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။


    ဆက်လက်၍ မှော်ဘီမြို့နယ် မျိုးမြန် မာစာကြည့်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် MRTV DTH စလောင်းနှင့်ဆက် စပ်ပစ္စည်းများကို စာကြည့်မှူးနှင့်စာကြည့်တိုက်ကော် မတီသို့  လွှဲပြောင်းပေးအပ်ခဲ့သည်။ 

     အခမ်းအနားသို့ ကျေး ရွာစာကြည့်တိုက်ကော်မ တီဝင်များ၊ ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ စာကြည့်တိုက်မှူးနှင့် ရပ်မိ ရပ်ဖများ၊စာပေချစ်နိုးသူ များတက်ရောက်၍ က လေး အလုပ်သ မားပ ပျောက်လက်ကမ်းစာ စောင်၊ အပြည်ပြည်ဆိုင် ရာထုတ်ဝေသောလက်ကမ်လွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသောလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။


ဝင်းဇော်

မှော်ဘီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)