ကြံခင်းမြို့နယ်တွင် နွေစပါးစံပြရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် နွေစပါးစံပြရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုအားပေး

 




ကြံခင်း၊ ဇွန်  ၅ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စံပြ ဧက(၁၀၀) စိုက်ခင်းတွင် ယမန်နေ့ နံနက် ၈ နာရီက နွေစပါးစံပြရိတ်သိမ်းပွဲ ပြုလုပ်ရာ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ကြသည်။

အဆိုပါ နွေစပါးစံပြရိတ်သိမ်းပွဲကို ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စံပြ ဧက(၁၀၀) စိုက်ခင်း၊ တောင်သူ ဦးမင်းမင်းစိုး၏ လယ်မြေ ကွင်းအမှတ် ၅၉၊ ကွင်းအမည် ရွှေကျောင်း၊ ဦးပိုင်အမှတ် ၃၇၊ ဆင်းသုခ စပါး ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဝင်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်ကျော်၊ မြို့နယ်မြေစာရင်းဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦစီးမှူး နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။ နွေစပါးစံပြစိုက်ခင်းမှ အစိုထွက် (၃၆) ဗူး၊ ခြောက်သွေ့ပြီးအလေးချိန်ပေါင် (၁၄.၂၉)၊ တစ်ဧကအထွက်နှုန်း ၁၀၀.၆၉ တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)