ကြံခင်းမြို့ပေါ်ရှိ စတိုးဆိုင်များ/ကုန်စုံဆိုင်များတွင် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများနှင့် ဆေးဆိုင်များ၊ ရေသန့်စက်ရုံးများအား ပူးပေါင်းအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့ပေါ်ရှိ စတိုးဆိုင်များ/ကုန်စုံဆိုင်များတွင် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများနှင့် ဆေးဆိုင်များ၊ ရေသန့်စက်ရုံးများအား ပူးပေါင်းအဖွဲ့မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်




ကြံခင်း၊ ဇွန်   ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များ/ ကုန်စုံ ဆိုင်များတွင် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများနှင့် ဆေးဆိုင်များ၊ ရေသန့်စက်ရုံများအား ယနေ့ နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့တို့က ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ အား ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးဦးစီးဌာန မြို့နယ်စစ်ဆေးရေးအရာရှိ ဦးကျော်နိုင်ဝင်း ဦးဆောင်၍ မြို့မရဲစခန်းမှ ဒုရဲအုပ်မင်းဇော်နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာထိုက်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေး စာရေး ဦးမျိုးသက်ထွန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာသစ်ရပ်ကွက်အတွင်းရှိ စတိုးဆိုင်များ/ ကုန်စုံဆိုင်များတွင် Sprite အမှတ်တံဆိပ်ပုံစံတူ အစိမ်းရောင် အချိုရည်ဘူးများ အစားအသောက်နှင့် ဆေးဝါး ကွက်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်မရှိဘဲ ဈေးကွက်အတွင်း တရားမဝင်အတုအပ ထုတ်လုပ်ဖြန့်ဖြူးထားသည့် Sprite အမှတ်တံဆိပ်ပုံစံတူ အသိမ်းရောင်ဘူးများ ရောင်းချခြင်းမှုရှိ/မရှိ၊

 ဆေးဆိုင်များ ဆေးဝါးပြတ်လပ်မှု၊  သတ်မှတ်ဈေးနှုန်းထက်ကျော်လွန် ရောင်းချမှု ရှိ/မရှိ၊ စားသောက် ဆိုင်များတွင် တာရှည်ခံဆေးဝါးများ အသုံးပြုမှု ရှိ/မရှိ၊ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်ပစ္စည်း များ၌ ကုန်အညွှန်းတံဆိပ်ပါ/မပါနှင့် တားမြစ်အချိုရည်များ ရောင်းချမှု ရှိ/မရှိ၊ Morther သောက်ရေသန့် စက်ရုံတွင် သတ်မှတ်စံချိန်စံနှုန်းများဖြင့် ထုတ်လုပ်မှု ရှိ/မရှိ စစ်ဆေးကြပြီး၊ စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ ကုန်အညွှန်းတံဆိပ်များ ပြည်စုံစွာပါရှိစေရေး၊ ကုန်စည်များ ဝယ်ယူရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံသော ကုန်စည်များနှင့် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်ပါရှိ‌သော ကုန်ပစ္စည်း များကိုသာ ရောင်းချကြရန် အရောင်းဆိုင်များနှင့် လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)