မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းတွင် စုပေါင်းသန့်ရှင်း ရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းတွင် စုပေါင်းသန့်ရှင်း ရေးပြုလုပ်





မြောက်ဥက္ကလာပ၊ ဇွန်  ၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေး နှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများက အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းတွင် ယနေ့ နံနက် ၇ နာရီအချိန် စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှုးရုံး နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ ၊ ရပ်ကွက်နေပြည်သူများ  ပူးပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်းစေရေးအတွက်ရွှေပေါက်ကံရပ်ကွက်၊ကျောင်းလမ်း အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းပတ်၀န်းကျင်  အနီး အနားရှိ အမှိုက် သရိုက် များကောက်ယူခြင်း၊ မြက်ပင် ၊ ပေါင်ပင် ၊ ချုံနွယ် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ ကျောင်းအတွင်း / အပြင် များ တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆယ်ယူရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊သစ်ရွက်ခြောက်ကြွေများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ   စွန့်ပစ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)