ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း လေးကျောင်းအား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ကျောင်းသုံးပစ္စည်း ငွေကျပ် ၄၈ သိန်း တန်ဖိုးရှိ ပစ္စည်းများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း လေးကျောင်းအား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ကျောင်းသုံးပစ္စည်း ငွေကျပ် ၄၈ သိန်း တန်ဖိုးရှိ ပစ္စည်းများ ပေးအပ်လှူဒါန်း







ကြံခင်း၊ ဇွန်  ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း လေးကျောင်းအား မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)ဗဟိုအလုပ်အမှုဆောင် (ဧရာဝတီ တိုင်းဒေသကြီး တာဝန်ခံ)  မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ကျောင်းသုံးပစ္စည်း ငွေကျပ် ၄၈ သိန်း တန်ဖိုးရှိ ကျောပိုးအိတ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကွန်ပါဗူး  တို့ကို ဇွန်လ(၂)ရက်နေ့မှစ၍ ယနေ့အထိ သွားရောက်လှူဒါန်းပေး လျက်ရှိသည်။

အဆိုပါ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများရှိ လူငယ်များ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူငယ်များနှင့် ပူးပေါင်းကာ ခေတ်မှီနည်းပညာများ အတွေ့အကြုံ ကောင်းများ ရရှိစေပြီး မိမိနိုင်ငံအကျိုးစီးပွားနှင့် ဒေသအတွင်း အကျိုးစီးပွားများအား ဆောင်ကျဉ်းပေး နိုင်သည့် မြန်မာ့ဂုဏ်ဆောင်လူငယ်များ ပေါ်ထွက်လာစေရန်၊ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် များ ကျရောက်လာပါက ပရဟိတစိတ် ပြည့်ဝသော လူငယ်များစုပေါင်း၍ တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် အသင်းအားဖွဲ့စည်းခဲ့ကြောင်း၊ လူငယ်များအား ဗဟိုပြုပြီး ဖွဲ့  စည်းထားသော အသင်းဖြစ်တဲ့အတွက်ကြောင့်  လူငယ်အများ ပညာရည်မြှင့်မားရေးအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ကျောင်းသုံးပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆင်းရဲနွမ်းပါး သည့် အခြေခံပညာကျောင်းများကို အဓိကထား၍ မြို့နယ် ၁၅ မြို့နယ်မှ ကျောင်းများကို ဆက်လက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် (တိုင်းတာဝန်ခံ) ဦးအောင်ဆန်းဝင်း ထံမှ သိရသည်။

ထိုသို့လှူဒါန်းခဲ့ရာတွင် ဇွန်လ(၂)ရက်နေ့၌ အခြေခံပညာမူလတန်းကျောင်း (အင်းလပ်နောက်)၊ ကွင်းကြီးအုပ်စု အခြေခံပညာမူလတန်းကျောင်း (သံအိုးကင်း)နှင့် အခြေခံပညာမူလတန်းကျောင်း (မှန်ကွင်း)တို့အားလည်းကောင်း၊ ဇွန်လ(၄)ရက်နေ့တွင် အခြေခံပညာမူလတန်းကျောင်း(ကျောက်မြောင်း) နှင့် အခြေခံပညာမူလတန်းကျောင်း(ထန်းတပင်)တို့ရှိ ကျောင်းသား၊ ကျောင်းသူများအား (MYDA) ဗဟိုအလုပ်အမှုဆောင်(တိုင်းတာဝန်ခံ) ဦးအောင်ဆန်းဝင်းနှင့်အဖွဲ့ဝင်များက ကျောပိုးအိတ်၊ ဗလာ စာအုပ်၊ ခဲတံနှင့် ကွန်ပါဗူးတို့ကို သွားရောက်၍ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)