ဇွန် - ၄ ( ဗုဒ္ဓဟူးနေ့ )
ရုရှားနှင့် အိန္ဒိယရဲ့ နှစ်ရှည် လက်နက်ကုန်သွယ်မှု ထူထောင်လာနိုင်တာက အမေရိကန်အတွက် ပြိုင်ဆိုင်မှုတစ်ခု ဖြစ်လာနေတယ်လို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဟောင်ဝဒ်လတ်နစ်ခ် က အင်္ဂါနေ့တွင် ပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် အမေရိကန်-အိန္ဒိယ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။
ကုန်သွယ်ရေး ဝန်ကြီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အဲ့ဒိကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ လိုနေပြီး နယူဒေလီအစိုးရက အမေရိကန်ထုတ်စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူဖို့အတွက် စတင်လာအောင် စည်းရုံးသင့်တယ် လို့လည်း အကြံပြုလိုက်ပါတယ်။
"အိန္ဒိယ အစိုးရက အမေရိကန်ကို လမ်းလွဲသွားအောင် တွန်းပို့နေသလိုဖြစ်နေတယ်။ ဥပမာပြောရရင် အိန္ဒိယက ရုရှား ဆီက လက်နက်ဝယ်တယ်။ ပြီးတော့ အမေရိကန်ဆီကလည်း လက်နက်ဝယ်တယ်။ အိန္ဒိယမှာတင် ကမ္ဘာ့ စစ်လက်နက် ၂မျိုးက ရောက်နေပြီ။ ပြီးတော့ အဲ့ဒိကနေ သူတို့ကိုယ်တိုင်ကလည်း စစ်လက်နက်တွေကို ထုတ်နေတယ်။ အဲ့လိုလုပ်နေတာတွေက အမေရိကန်ကိုမိတ်ဆွေဖွဲ့ တာမျိုး၊ သြဇာလွှမ်းမိုးဖို့ လုပ်နေတာမျိုး မဟုတ်ဘူး ဖြစ်နေတယ်" လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အိန္ဒိယစစ်တပ်ရဲ့ ၆၀% လောက်ဟာ ရုရှားမူရင်းဖြစ်ပါတယ်။ ပါကစ္စတန်နှင့် မကြာသေးမီက ထိပ်တိုက်တွေ့ဆုံမှုအပြီးတွင် မိုဒီသည် ရုရှားနိုင်ငံလုပ် S-400 စနစ်များ၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပါတယ်။ S-400 ကဲ့သို့ ပလပ်ဖောင်းများသည် နိုင်ငံအတွက် မကြုံစဖူး ခွန်အားကို ပေးစွမ်းနိုင်တယ် လို့ မိန့်ခွန်းတွင် မိုဒီက ပြောကြားခဲ့ပါတယ်။ အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခြိမ်းခြောက်မှုကို ဖီဆန်ခဲ့ပြီး ရုရှားထံမှ ဒေါ်လာ ၅.၄ ဘီလီယံ အကုန်အကျခံကာ ၂၀၁၆ ခုနှစ်တွင် ဝယ်ယူခဲ့တာပါ။
အိန္ဒိယနိုင်ငံအပေါ်ကို သမ္မတ ထရမ့်အနေနဲ့ အလွန်အကောင်းမြင်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ရှိနေတယ် လို့ မြင်နေပါတယ်။ အိန္ဒိယနှင့် ကုန်သွယ်ရေးသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများတွင် ထရမ့်က အလွန်အကာအကွယ်ပေးနေတယ်လို့ မြင်ပေမဲ့ အချို့အိန္ဒိယထုတ် ကုန်စည်တွေပေါ်မှာ ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်ခံတာနဲ့ ပတ်သက်ပြီး သဘောကျတာတွေတော့ ရှိပါတယ်လို့ လတ်နစ်ခ်က ဆိုပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment