နေပြည်တော်၊ ဇွန် ၄
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ် ကြောင့်ပျက်စီးခဲ့သော စီတီးရပ်ကွက်ရှိ ရာဇမဏိ စူဠာကောင်းမှုစေတီတော်မြတ်ကြီး၏ စေတီတော်ကြီးကြံ့ခိုင်မှုနှင့် ရွှေထီးတော်ကြံ့ခိုင်မှု အခြေ အနေများကို ပညာရှင်များမှ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများကို ကောင်းမှုတော်ဘုရား သာသနာ့ နယ်မြေအတွင်းရှိသာသနဗိမာန်၌ Power Pointဖြင့် ရှင်းလင်းတင်ပြပြီး ဆရာတော်ကြီး ထံမှဩဝါဒခံယူကြသည်။ ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး သက်ပုံမှ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်ရှိ သကျဓီတာ သီလရှင်စာသင်တိုက်နှင့် စစ်ကိုင်းတောင်ရိုးရှိဆွမ်းဦး ပုညရှင်စေတီတော်တို့တွင် သာသနိကအဆောက်အဦများ မိုးမကျမီ စက်ယန္တရား အင်အားများတိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများကို လည်းကောင်း၊ ပိုးတန်ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့သော (၃)ထပ်ကျောင်းဆောင်အား မိုးမကျမီ စက်ယန္တာရားကြီးများဖြင့် အရှိန်အဟုန်မြင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းရှင်း လင်းဖယ်ရှားနေမှုတို့ကိုလည်းကောင်း၊ ထူပါရုံစေတီ၊ နန်းဦးမြို့သစ် မဟိယင်္ဂဏစေတီတော်များကို ပြုလည်ပြုပြင်မွမ်းမံ တည်ဆောက် ခြင်းနှင့် ဖယ်ရှားရှင်းလင်းပြီးစီးမှုအခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ စကုမှော်ငလျင်ဘေးသင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းသို့ သွားရောက်ကာ စည်းကမ်းတကျရှိစေရေး တာဝန်ရှိသူများအားမှာကြားခဲ့ပြီး ငလျင်ဘေးဒဏ်သင့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော် နည်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမားရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအား ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့်မော်တော်ယာဉ်ဌာနရှိငလျင်ဒဏ်သင့် ဝန်ထမ်းများအတွက် Modular Container Houseများ ဆောက်လုပ် ပေးနေမှု အခြေအနေများအား လည်းကောင်း၊ ရေ၊ မီး၊ မိလ္လာရရှိရေး အတွက် စီစဉ် ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေး၍ မိသားစု များအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။
၎င်းနောက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စက်ရုံနှင့်မော်တော် ယာဉ်ဌာနဝင်းအတွင်းရှိ အမှတ် (၆) ရေတွန်းစက်ရုံသို့သွားရောက်၍ ရေသိုလ်လှောင် ထားရှိမှု အခြေအနေများ၊ လျပ်စစ်မီးစနစ်/ ဆိုလာမီးစနစ်ဖြင့် ရေပေးဝေနိုင်မှု အခြေအနေများအား လည်းကောင်း၊ ဝန်ထမ်းများအတွက် ထမ်မံဆောက်လုပ်မည့် Modular Container House များ ရောက်ရှိမှု အခြေအနေနှင့် သယ်ယူ ရွှေ့ပြောင်းနေမှု အခြေအနေများအား လည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော မန္တလေးမြို့တော်စည်ပင် ဝန်ထမ်းအိမ်ယာ တိုက်ခန်းများပျက်စီးမှု အခြေအနေများအား လည်းကောင်း၊ ၁၀၆ လမ်းပေါ်ရှိ ငလျင်ဒဏ်သင့် မန္တလေးမြို့တော်စည်ပင်ရဲဝန်ထမ်း များ အတွက် Modular Container House များ ဆောက်လုပ်ပေးနေမှု အခြေအနေများ အား လည်းကောင်း၊ ရေ၊ မီး၊ မိလ္လာ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်နေမှု အခြေအနေ များအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ် သို့သွားရောက်ရှိ၍ တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ်မှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မဆောင်အား လိုက်လံရှင်းလင်းပြသပြီး ထိခိုက်ပျက်စီးခဲ့သော ဌာနများရှိ အခန်းများအား တပ်မတော် သားစစ်သည်များမှ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုအား လည်းကောင်း၊ အမရဌာနီ အရှေ့ရပ်ရှိ ဗေါင်းတော်ရ ဆုတောင်းပြည့် မြတ်စွာဘုရား ၊ ရေနား ပရိယတ္တိစာသင်တိုက် တို့တွင် ငလျင်ဒဏ်သင့်ပြီး ထိခိုက်ပျက်စီးခဲ့သော နှစ်ထပ်ကျောင်းဆောင် အား ကြည့်ရှု့စစ်ဆေးပြီး အပျက်အစီးများအား အဖွဲ့အစည်းအသီးသီးမှ အင်တိုက်အား တိုက် ရှင်းလင်းဖယ်ရှား နေမှုများအားလည်းကောင်း ကြည့်ရှု့အားပေးပြီး ကျောင်းထိုင်း ဆရာတော်ကြီးအား အလှူငွေများ ဆက်ကပ်လှူဒါန်း၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်ရှိ အောင်ချမ်းသာဘုရားသို့ သွားရောက်၍ ဂန္ဓကုဋိတိုက်အား စက်ယန္တရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအား လည်းကောင်း၊တောင်ကြီးရပ် ရှိ ရွှေရင်းရဲ မြတ်စွာဘုရားနှင့် ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်ရှိ ရှင်လွန်းမယ်ဘုရားတို့သို့ ရောက်ရှိ၍ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား စက်ယန္တရား
များနှင့် တပ်မတော်သားစစ်သည်များမှ ရှင်းလင်းဖယ်ရှားနေမှုကို ကြည့်ရှု့ အားပေး၍ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် မိုးရာသီတွင် ဖြစ်ပွားတတ်သော ငှက်ဖျားရောဂါ နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုခဲ့ပြီး စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ငလျင်ဒဏ်ကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် စာမေးပွဲဖြေဆိုမှုအား အစားထိုးပြန်လည် ဖြေဆိုနေ သောကျောင်းသား၊ကျောင်းသူများကိုသွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ဘာသာရပ်အလိုက် ဌာနမှူးများအားတွေ့ဆုံ၍ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက်ကျောက်ဆည်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်ပြုပြင်ပြီးစီး၍ ကျောင်းသား/ကျောင်းသူများ အဆင်ပြေကောင်းမွန်စွာ တက် ရောက်ပညာသင်ကြားနေမှုအခြေအနေများနှင့် လက်တွေ့စမ်းသပ်ခန်းများတွင် လေ့ကျင့် ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်းအတွင်း ၌ Modular Container House များဖြင့် (ယာယီ)ရုံး ဆောက်လုပ် ပြီးစီးမှုအခြေအနေများနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment