အီရန်ခေါင်းဆောင် ခါမေနီကလည်း ထရမ့်ကို ပြန်ကြိမ်းပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်ခေါင်းဆောင် ခါမေနီကလည်း ထရမ့်ကို ပြန်ကြိမ်းပြီ


ဇွန် - ၁၉ ( ကြာသပတေးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန် နိုင်ငံအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုများ ဆက်တိုက်လုပ်နေတာနဲ့ ပတ်သက်ပြီး  အီရန်အပေါ် စစ်ရေးအရ ကြားဝင်စွက်ဖက်ပါက အမေရိကန်မှာ ပြန်ပြီးတော့ ပြုပြင်လို့မရတဲ့ ပျက်စီးဆုံးရှုံးမှုများကို ခံစားသွားရမယ်လို့ အီရန် ထိပ်တန်းခေါင်းဆောင် အလီခါမေနီ က ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့သော ရက်အနည်းငယ်အတွင်းက အမေရိကန်သမ္မတ ထရမ့်က အမေရိကန်တပ်ဖွဲ့တွေကို အီရန်က လာပြီး တိုက်ခိုက်မယ်ဆိုပါက အမေရိကန်အနေနဲ့ ပြန်တိုက်ခိုက်ဖို့ အရန်သင့်ဖြစ်နေပြီဖြစ်ကြောင်း နဲ့ ခါမေနီဆိုတာ အမေရိကန်စစ်တပ်အတွက် လွယ်ကူတဲ့ ပစ်မှတ်ဖြစ်ကြောင်း ကြိမ်းထားခဲ့ပါတယ်။ နောက်ပြီး အီရန်ရဲ့ ဝေဟင်ကို အမေရိကန်လေတပ်က စိုးမိုးထားနိုင်ကြောင်း နဲ့ ချက်ခြင်း လက်နက်ချပေးဖို့ နဲ့ လောလောဆယ်တော့ ခါမေနီကို လွှတ်ပေးထားမယ် လို့လည်း ဆိုထားပါသေးတယ်။ 

မနေ့ကလွှင့်တဲ့ အီရန်အစိုးရပိုင် ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် “အီရန်ရဲ့သမိုင်းကို သိတဲ့ ဉာဏ်ပညာရှိတဲ့ သူတွေက ဘယ်တုန်းကမှ အီရန်နိုင်ငံကို ခြိမ်းခြောက်တဲ့ စကားတွေ မပြောဖူးပါဘူး” လို့ ပြောသွားပါတယ်။ 

“အီရန်သည် လက်နက်ချမည့်နိုင်ငံမဟုတ်” လို့  ထိပ်တန်းခေါင်းဆောင်က အီရန်မီဒီယာများက ပြောကြားပြီး “အမေရိကန်၏ မည်သည့်စစ်ရေးဝင်ရောက်မှုမျိုးမဆို လျော်ကြေးမရနိုင်သော ပျက်စီးဆုံးရှုံးမှုများဖြင့် လိုက်ပါလာမည်မှာ သေချာပါတယ်” လို့ ပြောသွားပါတယ်။  


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)