တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၌ ကိုယ်ထူကိုထ ကျောက်ချောလမ်းခင်းကျင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၌ ကိုယ်ထူကိုထ ကျောက်ချောလမ်းခင်းကျင်း




တာချီလိတ်၊ ဇွန် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၌ ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရပ်ကွက်ချင်းဆက် အနောက်မြို့ပတ်သွားလမ်း၌ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးမောင် ဦးဆောင်၍ ရပ်ကွက်နေပြည်သူများ ကိုယ်ထူကိုထ ကျောက်ချောလမ်းခင်းခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလမ်းတွင် မိုးရာသီကာလအတွင်း၌ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား ကျောင်းသူများ သွားလာရန်ခက်ခဲနေသဖြင့် ဦးစိုင်းထွန်းမိန်း (Hero 87 Sport & Recreation Center)၊ ဒေါ်အိုက်ရှဲန် (ရှဲန်လိုင်းအပန်းဖြေ SPA)နှင့်  ရပ်ကွက်နေပြည်သူများက ထိုင်းဘတ်ငွေ ၁၀၀၀၀၀ မတည်ထည့်ဝင်ကာ လမ်းအရှည် ၂၆၀၀ ပေအား ကျောက်ချောလမ်းခင်းခြင်းနှင့် စက်ယန္တရားများဖြင့် ရေမြောင်းတူးဖော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးမောင်နှင့် ရပ်ကျေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးအားပေးခဲ့ပြီး လုပ်ငန်းပြီးစီးပါက ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေးသွားလာရာတွင် အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)