အမေရိကန်ရောက် NLD ပါတီဝင်ဟောင်းတစ်ဦးက CRPH၊ NUG နှင့် PDF ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည် မသိကြောင်း ပြောဆိုထားသည့် တရားခွင် မှတ်တမ်းများ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်ရောက် NLD ပါတီဝင်ဟောင်းတစ်ဦးက CRPH၊ NUG နှင့် PDF ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည် မသိကြောင်း ပြောဆိုထားသည့် တရားခွင် မှတ်တမ်းများ ဖြန့်ဝေ








ရန်ကုန်၊ ဇွန် ၁၉

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းရုပ်သံများ ယမန်နေ့က ထွက်ပေါ်လာပြီးနောက် ယနေ့ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ရက်တွင် တရားခွင်မှတ်တမ်းထွက်ဆိုချက်များ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ တရားခွင်မှတ်တမ်းများတွင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအချိန် ရာဇဝတ်မှုအဖွဲ့အစည်းအသွင်ပြောင်းလာသည့် CRPH၊ NUG နှင့် PDF ဆိုသည်ကို မသိရှိကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်ကို တွေ့ရသည်။

တရားခွင်မှတ်တမ်းများကို လူမှုကွန်ရက်တွင် ဖော်ပြလာသူမှာ အမေရိကန်နိုင်ငံနေ NLD ပါတီဝင်ဟောင်းတစ်ဦးဖြစ်သူ ဒေါ်စန်းစန်းမော်ဖြစ်ပြီး သူမ တင်ပြလာသော ပို့စ်တွင် NUG နှင့် PDF ကို မွေးဖွားသူ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဦးဆောင်သော NLD CWC အဖွဲနှင့် ယင်းတို့၏ လုပ်ရပ်အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည် မသိသလို NLD ပါတီနှင့်ပါ မသက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ထွက်ဆိုချက်၊ ဦးဝင်းမြင့်၏ ပြောကြားချက်၊ ဦးဟံသာမြင့်၏ ပြောကြားချက်နှင့်အတူ သက်သေများစွာနှင့် ဖော်ပြလာခြင်းလည်း ဖြစ်သည်။

တရားခွင်မှတ်တမ်း စာရွက်များတွင် ဖော်ပြပါရှိသည်မှာ ဒေါ်အောင်ဆန်းစုကြည် က "ရဲအရာရှိတစ်ဦး က NUG က ဦးဝင်းမြင့်ကို လျာထားနိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း၊ ကျွန်မကို လျာထား အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်လည်းကောင်း ထုတ်ပြန်ထားသည်ကို မည်သို့သဘောရပါသလဲ ဟု မေးပါသည်။ ကျွန်မက NUG ဆိုတာ ဘာလဲဟု ပြန်မေးပါသည်။ CRPH က ခန့်ထားတဲ့အဖွဲ့ဟု ပြန်ပြောပါသည်။ CRPH ဆိုတာ ဘာလဲဟု မေးသောအခါ လွှတ်တော်ကိုယ်စားလှယ်များဖွဲ့ထားသောအဖွဲ့ ဟု ပြောပါသည်။ မည်သူတွေလဲဟု မေးသောအခါ အမည် လေး/ငါးခုကို ကို ရွတ်ပြပါသည်။ CRPH အဖွဲ့အစည်းမှာ ယခင်ကတည်းက ဖွဲ့စည်းရန်ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်ဆိုလျှင် - ထိုကိစ္စ ကျွန်မ လုံးဝမသိပါ။" ဟု ဖြေကြားထားသည်။ 

ဒေါ်အောင်ဆန်းစုကြည် ၏ ထွက်ဆိုချက်များတွင် "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံတော်မတည်မငြိမ်ဖြစ်အောင် ပြုလုပ်မည်ဟုလည်း မယုံကြည်ပါ။" ဟုလည်း ဖြေဆိုထားသည်ကို တွေ့ရသည်။

ယခု တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသူများသည် NLD ပါတီမှ ပေါ်ပေါက်လာသော CRPN, NUG, PDF အကြမ်းဖက်အဖွဲ့များဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)