ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆို





ရွှေတောင်၊ ဇွန်  ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၊ကြာနီကန်ရပ်ကွက်၊  သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၅-ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲကို စတင်ဖြေဆိုခဲ့ကြောင်းသိရသည်။ 

ရွှေတောင်မြို့နယ် သံဃနာယကဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၅ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ပထမကြီးတန်း (၁၇)ပါး၊ ပထမလတ်တန်း(၁၂)ပါး၊ ပထမငယ်တန်း (၁၃)ပါးနှင့် အခြေပြုမူလတန်း (၁၅)ပါး စုစုပေါင်း စာရင်းရှိ (၅၇)ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ရာန ပျက်ကွက်(၁၁)ပါး ဖြစ်ကြောင်းသိရသည်။

အဆိုပါပါဠိပထမပြန်စာမေးပွဲကို ဇွန်လ၄ ရက်နေ့မှဇွန်၁၀ ရက်နေ့အထိ (၇) ရက်တာ  နေ့စဉ် နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ စာမေးပွဲဖြေဆိုကြမည် ဖြစ်ပြီးစာဖြေပထမနေ့တွင်အခြေပြုမူလတန်းမှ  ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီဘာသာရပ်၊ ပထမငယ်တန်းမှ ဘိက္ခုပါတိ​မောက်ဘာသာနှင်ဓမ္မပဒ၊ ပထမလတ်တန်းနှင့်ပထမ​ ကြီးတန်းတိုမှဒွေမာတိကာဘာသာနှူင့်ဓမ္မပဒ စသည့်ဘာသာရပ်များကို ဖြေဆိုခဲ့ကြပြီးစာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေ့ဆွမ်းကပ်ခြင်းနှင့် အဟာရဒါန လှူဒါန်း ခြင်းများကို စေတနာရှင်များနှင့် ဌာနဆိုင်ရာများကလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)