ဇွန် - ၅ ( ကြာသပတေးနေ့ )
ဗြိတိန်နိုင်ငံသား လူဖြူများသည် ဆယ်စုနှစ် လေးစုအတွင်း ၎င်းတို့နေထိုင်တဲ့နိုင်ငံမှာပဲ လူနည်းစုဖြစ်လာ လိမ့်မည် လို့ ကြာသေးမီကပြုလုပ်တဲ့ လေ့လာမှုတစ်ခုက အကြံပြုထားပါတယ်။
ယူကေက ကွန်ဆာဗေးတစ်ပါတီ နဲ့ အလုပ်သမားအစိုးရများ လက်ထက်တွင် တရားဝင်နှင့် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု များပြားလာသည်ကို တွေ့မြင်ရပြီး ၂၀၂၃ ခုနှစ်တွင် အသစ်ရောက်ရှိလာသူ ၉သိန်းကျော် နဲ့ စံချိန်တင်ခဲ့ကြောင်း တယ်လီဂရပ်သတင်းဌာန က ဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် သန်းခေါင်စာရင်းအရ လန်ဒန်နှင့် ဘာမင်ဂမ်တို့သည် လူနည်းစု လူဖြူမြို့များဖြစ်လာကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
အင်္ဂါနေ့ထုတ် ဆောင်းပါးတစ်ခုတွင် ဘတ်ကင်ဟမ် တက္ကသိုလ်မှ ပရော်ဖက်ဆာ မတ်ဂေါ်ဒွင် ရဲ့ ခွဲခြမ်း စိတ်ဖြာချက်ကို ကိုးကားပြီး ယူကေ ရဲ့ စုစုပေါင်းလူဦးရေက လက်ရှိ ၇၃% မှ ၅၇ % သို့ ၂၀၅၀ ခုနှစ်တွင် လျှောကျသွား မယ်လို့ ပြထားပြီး ၂၀၆၃ တွင် ၅၀% အောက်သို ကျဆင်းသွားကာ လူနည်းစုအဖြစ်သို့ ရောက်သွားနိုင်တယ်လို့ ဆိုပါတယ်။ ၂၁ ရာစုနှစ်အကုန်တွင် နိုင်ငံတဝှမ်း လူဖြူဦးရေ ၃ % သာကျန်နိုင်တော့ကြောင်းကိုလည်း ဖော်ပြထားပါတယ်။
ယူကေတွင် လူဆယ်ဦးတွင် ခြောက်ဦးက နိုင်ငံခြားမှမွေးဖွားလာသူ သို့မဟုတ် ၂၁ ရာစုနှစ်အကုန်တွင် အနည်းဆုံး ရွှေ့ပြောင်းနေထိုင်သူ မိဘတစ်ဦးမှ ဆင်းသက်လာသူ ဖြစ်လိမ့်မယ်လို့ ခွဲခြမ်းစိတ်ဖြာချက်တွင် ဆက်လက်ဖော်ပြထားပါတယ်။ ယူကေရှိ မွတ်စ်လင်မ်များရဲ့ ဦးရေက လက်ရှိကာလတွင် ၇ ရာခိုင်နှုန်းမှ နောင်တွင် ၁၉.၂ ရာခိုင်နှုန်းအထိ တိုးလာ မယ်လို့ ဆိုပါတယ်။
အမျိုးသားစာရင်းအင်းရုံးနှင့် သန်းခေါင်စာရင်းအချက်အလက်တို့ကို အခြေခံ၍ ရွှေ့ပြောင်းနေထိုင်မှု လေ့လာရေးဆိုင်ရာ အချက်များအပြင် လူမျိုးရေး၊ ဘာသာရေးအုပ်စုများကြားတွင် မွေးဖွားမှုနှင့် သေဆုံးမှုနှုန်းများ အကြောင်းကို ဂေါ်ဒွင်က ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ "ကျွန်ုပ်တို့၏နိုင်ငံက ခေါင်းဆောင်တွေက ( လူသားဝါဒ ) တူညီသောဝိသေသလက္ခဏာ၊ တန်ဖိုးထားမှုများ၊ လူနေမှုပုံစံများနှင့် ယဉ်ကျေးမှုတို့ကို မျှဝေခံစားနိုင်စေရန် အတွက် လုပ်ဆောင်နေတာကို မေးခွန်ထုတ်စရာတွေဖြစ်လာပါပြီ" လို့ ၎င်းက ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment