မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေမှုအား သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ လာရောက်ကြည့်ရှုအားပေးပြီး အလှူငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေမှုအား သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ လာရောက်ကြည့်ရှုအားပေးပြီး အလှူငွေများ ပေးအပ်





မြောက်ဥက္ကလာပ၊ ဇွန်  ၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုခြင်းကို ဆု တောင်းပြည့်မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန် တော်ကြီးတွင် ယမန်နေ့က ဘာသာရပ်အလိုက် အုပ်စုများခွဲ၍ ဆက်လက်ဖြေဆိုလျက်ရှိရာ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး နှင့် အဖွဲ့  လာရောက်ကြည့်ရှု အား ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စု ဒုတိယဝန်ကြီးဦးအေးထွန်း ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဦးဇော်ဇော်ဦး ၊ ရန်ကုန်တိုင်းသာသနာရေး ညွှန်ကြားရေးမှူး ဦးဇော်ဦးတို့လိုက်ပါ၍ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုနေမှုအား လာရောက်ကြည့်ရှုရာ မြို့နယ်သံဃာနာယက ဥက္ကဋ္ဌဆရာ တော်ကြီးအား ဖူး မျှော်ကြည်ညှိပြီး သာသနာ့ ရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားခဲ့သည်။ ထို့နောက် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စု ဒုတိယဝန်ကြီးမှ လှူဒါန်းငွေ ငါးသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှုဒါန်းငွေ လေးသိန်း စုစုပေါင်းလှူဒါန်း ငွေ  ၉ သိန်းကျပ်အား လှူဒါန်းပေးအပ်ရာ  မြို့နယ်ဥပဌါကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ လက်ခံရယူခဲ့ပြီး ဒုတိယဝန်ကြီး နှင့် အဖွဲ့မှ စာစစ်ဌာန စာဖြေဆောင်အတွင်း လှည့်လည်ကြည့်ရှုအား ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် အတူ ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက် ပေးခဲ့သည်။

မြောက်ဥက္ကလာပစာစစ်ဌာနတွင် ယနေ့ ဇွန်လ ၄ ရက်နေ့ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရန် ရဟန်း၊ သာမဏေ၊ သီလရှင် ၊လူ စုစုပေါင်း ၂၄ ပါး စာရင်းပေးသွင်းထားရာ ၁၆ ပါးဝင် ရောက် ဖြေဆိုခဲ့ပြီး ၈ ပါးပျက်ကွက်ခဲ့သည်။အစိုးရပါဠိပထမပြန်စာမေးပွဲကို ရဟန်း၊ သာမဏေ၊ သီလရှင် ၊လူ   စာရင်းရှိ ၇၃၀ ပါး စာရင်း ပေးသွင်းထားရာ ၆၀၀ ပါး ဖြေဆိုခဲ့ပြီး ၁၃၀ပါး ပျက်ကွက်ခဲ့ ကြောင်း မြို့နယ်သာသနာရေးမှူး ရုံးမှသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)