ကချင်ပြည်နယ်၊နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီး၊ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်၊နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီး၊ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်




နေပြည်တော်၊ ဇွန် ၅

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး) ကြိုးတံတား အရှည် ၃၄၀ ပေ၊ အကျယ် ၆ ပေသည် မေလ ၃၁ ရက်တွင် မေခမြစ်ရေအဆမတန်မြင့်တက်မှုကြောင့် မြစ်အတွင်းမျောပါသွားခဲ့သည်။ အဆိုပါ ပန်နန်းဒင် မေခမြစ်ကူး(လူကူး) ကြိုးတံတား ပျက်စီးခဲ့မှုအား ဌာနဆိုင်ရာတာဝန် ရှိသူများက အမြန်ဆုံးပြန်လည်ဆောက်လုပ်ခဲ့ရာ ဇွန်လ ၄ ရက်နေ့တွင် ဆောက်လုပ်ပြီးစီး၍ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာ နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် တာဝန်ရှိသူများသည် နောင်မွန်းမြို့နယ်အတွင်းရှိ ပန်နန်းဒင်မြို့နှင့် ထလာထုကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် စားသောက်ကုန်များ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၅ စီးအား သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါမော်တော်ယာဉ်များသည် ယနေ့နံနက် ပိုင်းတွင် ရေဘေးသင့် ပြည်သူများထံသို့ပို့ဆောင်ရန် ပူတာအိုမြို့မှ စတင်ထွက်ခွာ သွားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)