ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်






ပေါင်၊ ဇွန် ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂း၃၀)နာရီက ကတွန်ကျေးရွာအုပ်စု စွတ္တပချောင်ကျေးရွာ မာန်ငူကျောင်း၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ သထုံခရိုင်အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းလှနှင့်ဝန်ထမ်းများ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လတ်၊ သမဝါယမဦးစီးဌာနမှဒေါ်ယုယုခိုင်နှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင် က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင် အသေးစားစက်မှုလက်မှု ဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ သထုံခရိုင်အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးခွန်ထွန်းထွန်းလှက ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် ယခင်ဖွင့်လှစ်သည့်ကာလတိုသင်တန်းနှင့် မတူဘဲ သင်တန်းသားများအနက်မှ ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းထူးချွန်သူ (၅)ဦးကို ရွေးချယ်၍ တစ်ဦးလျင် ငွေကျပ် (၁၂)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်း များကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေတိုး စီမံကိန်းအတွက် သီးနှံ အခြေခံ တန်ဖိုးမြှင့်စား ‌သောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းကိုသင်တန်းဆရာ(၂)ဦးက သင်တန်းသူ(၁၀)ဦးတို့ဖြင့် (၇)ရက်ကြာ သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)