ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်)နှင့် အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်)နှင့် အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၂

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ရှိ အမှတ် (၈) အထည် စက်ရုံ (ပျော်ဘွယ်) သို့ ရောက်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ စက်ပစ္စည်းများ၊ ထရန်စဖော်မာပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ စက်ရုံတာဝန်ရှိသူများအနေဖြင့် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးအတွက် ရှုထောင့်ပေါင်းစုံမှသုံးသပ်၍ ကြိုတင်မျှော်တွေးစီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းများပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကိုလည်း မှတ်တမ်းထားရှိပြီး စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံရှိ ပုံသေပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် မှတ်တမ်းများဖြင့် ထိန်းသိမ်း၍ စစ်ဆေးကြပ်မတ်ခြင်းလုပ်ငန်းများကို အစဉ်အမြဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စက်ရုံလည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ ရောက်ရှိပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းတာဝန်များကို လက်တွေ့ကျသည့်စီမံချက်များ ရေးဆွဲဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။      


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)