PDF အကြမ်းဖက်အဖွဲ့က ရပ်မိရပ်ဖ ဂေါပများကို သတ်ဖြတ်ပြီး အလှူငွေများကို ဓားမြတိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်အဖွဲ့က ရပ်မိရပ်ဖ ဂေါပများကို သတ်ဖြတ်ပြီး အလှူငွေများကို ဓားမြတိုက်


ညောင်ဦး၊ ဇွန် ၂

ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ တောင်ဘက်ပိုင်း ဂန့်ဂါရပ်ကွက် ဓမ္မာရုံတွင် (၁၉)ကြိမ်မြောက် အသံမဆဲမဟာပဋ္ဌာန်းပွဲအတွက် ယမန်နေ့ ရပ်မိရပ်ဖ(၁၅)ယောက် အစည်းဝေးပြုလုပ်နေစဉ် ပုဂံဗိုလ်ချို ဦးဆောင်သော PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ရပ်မိရပ်ဖ ဂေါပကများကို သေနတ်ဖြင့် ပစ်သတ်ကာ အလှူငွေများကို ဓားမြတိုက်သွားကြောင်း သိရသည်။

ဂန့်ဂါကျေးရွာတောင်ဘက်၊ ညောင်လှကျေးရွာဘက်လမ်းမှ လက်နက်ငယ်မျိုးစုံကိုင်ဆောင်ထားသော ညောင်ဦးအခြေစိုက် ပုဂံဗိုလ်ချိုPDF အကြမ်းဖက်သမားများ ရောက်လာပြီး ဓမ္မာရုံထဲကို ဝင်ရောက်ပ-/စ်-/ခ-/တ်-/သ-/တ်-/ဖြ-/တ်ခဲ့ကြပြီး အလှူငွေများကိုယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အတွင်း (၁)ဦးဇော်ဇော်(ခ)ဦးမြင့်ဇော်၊ (၂)ဦးတင်မြိုင်၊ (၃)ဦးခင်မောင်ဌေး၊ (၄)ဦးခင်မောင်သန်း၊ (၅)ဦးသန်းထွန်း၊ (၆)ဦးစိုးမင်း၊ (၇)ဦးကြည်ထွန်း တို့သေဆုံးခဲ့ပြီး အခြားရပ်မိရပ်ဖ(၆)ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)