ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့်နှင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများအား လိုက်လံကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် အပြာရောင်အဆင့်နှင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများအား လိုက်လံကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၂၁

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့က ကျွမ်းကျင်ပညာရှင်များက စစ်ဆေးအတည်ပြုထားသည့် အပြာရောင်အဆင့်နှင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပြာရောင်အဆင့် သတ်မှတ်ထားသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများနေထိုင်ခဲ့သော ဇမ္ဗူသီရိမြို့နယ်အတွင်း ဘောဂသိဒ္ဓိရပ်ကွက်ရှိ ပိတောက်အိမ်ရာတိုက်အမှတ်(၈၂၁)နှင့် (၈၂၂)တို့တွင် ပြန်လည်ပြောင်းရွှေ့နေထိုင်ရန်အတွက် အသေးစားနှင့် အလတ်စားပြုပြင်မှုများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် ပြန်လည်ပြောင်းရွှေ့နေထိုင်နေသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အဆင်‌ပြေမှုရှိစေရေးတို့အတွက် လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဘောဂသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် (၇၄၇)၊ မူလကအနီရောင်အဆင့် သတ်မှတ်ထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှပေါင်းစပ်၍ အဆင့်ဆင့်စစ်ဆေးပြီး အပြာရောင်အဆင့်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိရပ်ကွက် ဘူးကွဲအိမ်ရာရှိ တိုက်အမှတ်(၅၃၅၀)နှင့် (၅၃၅၁)တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အသေးစား၊ အလတ်စားနှင့်အကြီးစားပြုပြင်မှုများ ပြန်လည်ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် ပြုပြင်ဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား အမြန်ဆုံးပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်စေရေးနှင့် ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာဖြင့် မိုးလုံလေလုံနေထိုင်နိုင်စေရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)