ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ဆက်စပ်ပစ္စည်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ဆက်စပ်ပစ္စည်းများ ကြည့်ရှုစစ်ဆေး




ဘားအံ၊ ဇွန် ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဇွန်လ ၆ ရက်နေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်လွှတ်တော်ရုံးတွင် ရောက်ရှိသိမ်းဆည်းထားသော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါမဲပေးစက်ကို အသုံးပြုမဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ခြင်းအတွက် အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များ ထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်၍ အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများ မရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာစေရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်နယ်လွှတ်တော်ရုံးတွင် ရောက်ရှိသိုလှောင်ထားသော မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လွှတ်တော်ညွှန်ကြားရေးမှူးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) မှ တာဝန်ရှိသူများက မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိမှု၊ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ မဲရလဒ်ရေတွက်ပုံများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိပြီးမဲပေးစက် (MEVM)များ စနစ်တကျသိမ်းဆည်းထားရှိမှု၊ ထပ်မံရောက်ရှိမည့် မဲပေးစက်များ စနစ်တကျနေရာချထားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ပြည်နယ်လွှတ်တော်ရုံး၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး၊ အစည်းအဝေးခန်းမနှင့်နားနေခန်းများကို ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)