နတ်မောက်၊ ဇွန် ၂
PDF အမည်ခံအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာန များနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်၊ သတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထို့သို့ပြုလုပ်လျက်ရှိရာ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာရှိ ဝက်ချုပ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြ ဆရာမဖြစ်သူ ဒေါ်သန်းညွန့် အသက် ၆၁ နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးသောင်းခင် အသက် ၅၉ နှစ် တို့သည် နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများရောက်ရှိလာပြီး ဆရာမ ဒေါ်သန်းညွန့်အား သစ္စာမဲ့ဝန်ထမ်း(Disloyalty Civil Servant- DCS) ပြုလုပ်ရန်နှင့် ကျောင်းအပ် လက်ခံခြင်းအား ဆက်လက်မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုရာ ဆရာမ ဒေါ်သန်းညွန့် မှ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်အရေးအတွက် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန် ကျေပွန်လို၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ က ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ထောက်ခံအားပေးမှုမရှိသည့်အတွက် ၎င်းတို့ ၂ ဦးအား အဆိုပါကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့် အကွာသို့ အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်၍ လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်အဖွဲ့ အစည်းများအနေဖြင့် ပညာရေးဝန်ထမ်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၅ခုနှစ် ဇွန်လ ၁ ရက်ထိ အကြမ်းဖက်ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ ခြင်းကြောင့် ပညာရေး ဝန်ထမ်း သေဆုံးသူ ၇၉ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်တွင် နိုင်ငံ့ဝန်ထမ်းကောင်းဆရာ၊ ဆရာမများအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းမဲ့ဖမ်းဆီးခေါ် ဆောင်သတ်ဖြတ်မှုများအား ပြည်သူလူထုအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက် ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော တုန့်ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment