ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးရွာသွန်းမှုများပြားသောကြောင့် ရပ်ကွက်များအတွင်း ရေကျော်မှုများဖြစ်ပွားသည့် နေရာများသို့ နယ်မြေခံတပ်မတော်သားများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးရွာသွန်းမှုများပြားသောကြောင့် ရပ်ကွက်များအတွင်း ရေကျော်မှုများဖြစ်ပွားသည့် နေရာများသို့ နယ်မြေခံတပ်မတော်သားများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်





နေပြည်တော်၊ ဇွန် ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးရွာသွန်းမှုများပြားသောကြောင့် ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်မှစ၍ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းနံဘေးရှိ ရပ်ကွက်၊ကျေးရွာများအတွင်းသို့ မြစ်ရေများဝင်ရောက်လျက်ရှိရာ ဇွန်လ ၁ ရက်နေ့တွင် ဧရာဝတီမြစ်ရေချိန် ၁၂၁၈ စင်တီမီတာခန့် မြင့်တက်လာခဲ့ပြီး ယနေ့ ၁၂၃၀ ချိန် တိုင်းတာချက်အရ ၁၁၉၅ စင်တီမီတာခန့် လျော့ကျကာ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ အောက် ၅ စင်တီမီတာခန့် လျော့ကျခဲ့သည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုဖြစ်ပွားရာနေရာများရှိ ဒေသခံပြည်သူများအား ယနေ့တွင် နယ်မြေခံ တပ်မတော်သားများက ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ သွားလာရန်ခက်ခဲသည့် နေရာ များတွင် စက်လှေများ၊ယာဉ်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)