ညောင်ရွှေ၊ ဇွန် ၂
ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာအုပ်စု၊ ထီခိုးကျေးရွာ၊ ရေပူကျေးရွာ စသည့်ပအိုဝ်းကျေးရွာများရှိ အကြမ်းဖက်သောင်းကျန်းသူများကို ထိုးစစ်ဆင် ရှင်းလင်းခဲ့ပြီး ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ယနေ့ ဇွန်လ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အကြမ်းဖက် သောင်းကျန်းသူများ သည် ပအိုဝ်းဒေသအတွင်း ကျူးကျော်လာပြီး လာရောက်ခိုအောင်းတပ်စွဲထားတာ (၃)နှစ်နီးပါးရှိခဲ့ပြီး ဒေသခံပြည်သူများမှာ နေအိမ်ကို စွန့်ခွါခဲ့ရတာကြောင့် စားဝတ်နေရေးအတွက်လည် အခက်အခဲကြုံတွေ့နေကြရကြောင်း၊ ဇွန်လ (၂)ရက်နေ့ ၂၀၂၅ ခုနှစ် ဒီနေ့မှာတော့ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)နှင့် မြန်မာ့တပ်မတော်တို့ပူးပေါင်းပြီး အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေသော ထီခိုးကျေးရွာ၊ ရေပူကျေးရွာ၊ ဘုရားတောင် စတဲ့နေရာတွေမှာ သွားရောက် ထိုးစစ်လုပ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများဖက်က ထိခိုက်အများအပြားနဲ့ ဆုတ်ခွါခဲ့ရပြီး စံကားကျေးရွာအုပ်စု၊ ထီခိုးကျေးရွာကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
"အကြမ်းဖက်သောင်းကျန်းသူများသည် သူတို့ဖက်က အထိနာပြီးနောက်ဆုတ်ပြီဆိုရင် သူတို့လုပ်နေကြပုံစံအတိုင်း ပြည်သူများရဲ့နေအိမ်တွေကို မီးရှို့တယ် ပြည်သူများရဲ့ပစ္စည်းတွေကိုလည်း ရသလောက်အကုန်ခိုးယူသယ်ဆောင်တယ် အခုလည်းအဲလိုပဲ ဘုရားတောင်အဝင်လမ်းနားက လူနေအိမ်တွေကို မီးရှို့သွားတယ် ဆောင်းပြောင်းတိုက်ပွဲတုန်းကလည်းအလိုပဲ ပစ္စည်းတွကိုခိုးယူသယ်ဆောင်တယ်။ အထိနာပြီးနောက်ဆုတ်တော့လည်း ရွာထဲကလူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ် အတော်အောက်တန်းကျတဲ့ လုပ်ရပ်တွေပါပဲ ပြောလိုက်ရင်တော့ဖြင့် ပြည်သူ့ကာကွယ်ရေး တကယ်တမ်းကတော့ ပြည်သူ့နေအိမ်များကျေးရွာများကို အကာကွယ် ယူသုံးနေတဲ့ အဖွဲ့သာဖြစ်တယ်" လို့ ဒေသခံများက ပြောသည်။
စံကားကျေးရွာအုပ်စုမှာ နေထိုင်ကြသည့် မိဘပြည်သူများကလည်း အကြမ်းဖက်သောင်းကျန်းသူများကို အလိုမရှိသောကြောင့် အကြမ်းဖက်သောင်းကျန်သူများကို နိမ်နင်းနိုင်ခဲ့တဲ့အပေါ် အားရဝမ်းသာနေကြပါကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများဟာ စံကားကျေးရွာအုပ်စု၊ ဘန်းပြင်ကျေးရွာအုပ်စု၊ စင်းစွဲ၊ စင်းလိတ် တွေဖက်မှာလည်း တပ်စွဲခိုအောင်းခဲ့တာဖြစ်ပြီး အဆိုပါနေရာတွေကိုလည်း ပအိုဝ်းအမျိုးသားတပ်မတော်(PNA)က ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
"အထူးဒေသ(၆)တွင်နေထိုင်ကြသည့် ပအိုဝ်းပြည်သူများနှင့် ညီနောင်တိုင်းရင်းသားများဟာ ငြိမ်းချမ်းခြင်းလိုလားကြသည့်အတွက် နိုင်ငံရေးရှုပ်ထွေးတဲ့အချိန်ကစပြီး ကိုယ့်နေရာမှာပဲ အတတ်နိုင်ဆုံးနေထိုင်ကြပြီး ငြိမ်းချမ်းမှုကိုမြတ်နိုးတန်ဖိုးထားကြခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်သောင်းကျန်းသူများဟာ ငြိမ်းချမ်းနေတဲ့ ပအိုဝ်းဒေသကို ဖျက်ဆီးချင်တဲ့စိတ်ဓာတ်ကြောင့် ပအိုဝ်းဒေသထဲကို ၂၀၂၃ ခုနှစ် ကနေစပြီး ၂၀၂၅ ခုနှစ် အထိ ကျူးကျော်ဝင်ရောက်လာပြီး ပအိုဝ်းပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုလည်း အမျိုးမျိုးဖျက်ဆီးခဲ့ကြပါတယ်။ အထူးဒေသ(၆) ပအိုဝ်းပြည်သူများနှင့်ညီနောင်တိုင်းရင်းသားများဟာ ငြိမ်းချမ်းခြင်းကိုလိုလားသည့်အတွက် အထူးဒေသ(၆)အတွင်းမှာ နယ်မြေကျူးကျော်ဝင်ရောက်လာကြသည့်အကြမ်းဖက်သောင်းကျန်းသူများကို ပအိုဝ်းအမျိုးသားတပ်မတော်(PNA)နှင့် မြန်မာ့တပ်မတော်တို့ ပူးပေါင်းပြီး ဆက်လက်နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။" ဟု သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment