မဇ္ဈိမမေတ္တာ(အခမဲ့)ဆေးခန်းတွင် အထွေထွေရောဂါနှင့် မျက်စိဒေနာရှင်များအား အခမဲ့ ကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဇ္ဈိမမေတ္တာ(အခမဲ့)ဆေးခန်းတွင် အထွေထွေရောဂါနှင့် မျက်စိဒေနာရှင်များအား အခမဲ့ ကုသပေး






ထန်းတပင်၊ ဇွန်လ ၁၅ 

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရိုးကြီးကျေရွာ ကမ်သာယာလမ်း ရှိ မဇ္ဈိမကျောင်း၌မွန်းတည့် (၁၂ ၀၀ )အချိန်က ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA နှင့် ဆရာတော် ဘဒ္ဒန္တ ဒေဝိန္ဒ ဦးဆောင်ပြီး မုဒိတာမေ ကျန်မာရေးစောင့်ရှောက်ရေးအသင်းနှင့် ဆေးဝါးကျွမ်းကျင်ဒေါက်တာများ ဆရာမများမှ  မဇ္ဈိမမေတ္တာ (အခမဲ့)ဆေးခန်းတွင် အထွေထွေရောဂါကုလူနာ( ၃၀)ဦးနှင့် မျက်စိဝေဒနာရှင်( ၂၅)ဦးဆေးကုသပေးခြင်း အခမဲ့ ဆေးကုသပေးသည်။

သူနာပြုသင်တန်းတက်ရောက်သူ ( ၁၈)ဦးအား မုဒိတာမေ ကျန်မာရေးစော့င်ရှောက်ရေးအသင်းနှင့် အထူးနပ်(စ်)မဆရာမများမှ သင်တန်းပို့ချပေးလျက်ရှိပြီး (အခမဲ့)ဆေးခန်းအား အပတ်စဉ် တနင်္ဂနွေနေ့ မွန်းတည့် (၁၂ ၀၀) အချိန်မှညနေ( ၂ ၀၀)အချိန်ထိ ဖွင့်လှစ်ဆေးကုသပေးသွားမည်ဟု မဇ္ဈိမကျောင်းဆရာတော်မှမိန့်ကြားတော်မူသည်။

အဆိုပါ( အခမဲ့)ဆေးခန်းသို့မှော်ဘီခရိုင်YMBA ဒုဥက္ကဋ္ဌထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှုး ဦးရန်လင်းအောင်၊ မြို့နယ်အသင်းအဖွဲ့ဝင်များကျေးရွာအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသန်း‌ဌေး‌ဦးနှင့် ကော်မတီဝင်များ၊ ပရဟိတအဖွဲ့အစည်းများမှ အားပေးကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)