ဇွန် - ၁၅ ( တနင်္ဂနွေနေ့ )
အစ္စရေးက တီဟီရန်၏ အနောက်မြောက်ဘက် ဆင်ခြေဖုံး ရှာဟရန် ရှိ ရေနံသိုလှောင်ရုံတစ်ခုအား တိုက်ခိုက်ခဲ့တာကြောင့် ရေနံတင်ပို့မှုတွေကို ၂ရက်ကြာ ရပ်နားထားလိုက်ရတယ် လို့သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာများမှ ဗီဒီယိုများတွင် ကြီးမားသော မီးလောင်ကျွမ်းမှုနှင့် ထူထဲသော မီးခိုးလုံးများ ထွက်ပေါ်လာသည်ကို တွေ့ရပါတယ်။ မီးသတ်သမားများနှင့် အရေးပေါ် တပ်ဖွဲ့ဝင်များကို အဆိုပါနေရာသို့ စေလွှတ်ထားကြောင်း အီရန်ရေနံဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
သောကြာနေ့ နံနက်ပိုင်းတွင် အစ္စရေးဂျက်လေယာဉ်များသည် နာတန်ဇ် ရှိ ယူရေနီယံ သန့်စင်ရေး စက်ရုံ အပါအဝင် အီရန်နိုင်ငံတစ်ဝှမ်းရှိ စစ်ဘက်နှင့် နျူကလီးယား နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများတွင် ထိပ်တန်းတပ်မှူးများနှင့် ဝါရင့်နျူကလီးယားသိပ္ပံပညာရှင် အများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယခုတိုက်ခိုက်မှုသည် အီရန်နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ကို ဟန့်တားရန် ရည်ရွယ်ထားကြောင်း အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟု ကပြောပါတယ်။
အီရန်အစိုးရကလည်း အဆိုပါတိုက်ခိုက်မှုများကို တရားမျှတမှုမရှိဘူးလို့ ရှုတ်ချခဲ့ပြီး အစ္စရေးနိုင်ငံအတွင်းသို့ ကာမီကာဇေးဒရုန်းများနှင့် ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို စစ်ကြေညာခြင်း ဖြစ်တယ်လို့ အီရန် တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment