ကျိုက်လတ်၌ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခြင်းနှင့် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်၌ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခြင်းနှင့် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်





ကျိုက်လတ်၊ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ရွှေဧရာအောင် ခန်းမတွင် ယနေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဒုက္ခသည်များအား  ယာယီ ကယ်ဆယ်ရေးစခန်းများတွင် စီစဉ်ထားရန်အတွက် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ခြင်းနှင့် သရုပ်ပြ လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် ကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်နှင့် အဖွဲ့ဝင်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြသခဲ့သည်။

ထို့နောက် ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ လူမှုရေးသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ မော်တော်ယာဉ်မျာ၊ လူနာတင်ယာဉ်များ၊ ဆေးဝါးပစ္စည်းများနှင့် ကုသရေးအဖွဲ့များ၊ သောက်ရေနှင့်ရိက္ခာများအား အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။


လှိုင်မင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)