ဇွန် - ၁၅ ( တနင်္ဂနွေနေ့ )
UCLA Health ရဲ့ လေ့လာမှုအသစ်တစ်ခုအရ COVID-19 ကာကွယ်ဆေးများသည် လူနာများအား ပြင်းထန်သောကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားပါတယ်။ လေ့လာမှုအရ ဆေးရုံတက်နေတဲ့ COVID-19 လူနာတွေဟာ ကာကွယ်ဆေးထိုးထားရင် ပြင်းထန်တဲ့ ကျောက်ကပ်ပျက်စီးနိုင်ခြေ နည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။
UCLA ကျန်းမာရေးသုတေသီများက ကာကွယ်ဆေးမထိုးရသေးသောလူနာ ၁၆% သည် ကာကွယ်ဆေး ထိုးထားတဲ့ လူနာများ ၁၁ % နှင့် နှိုင်းယှဉ်ပါက ကျောက်ကပ်ဆေးရတဲ့ လုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်ပေးရကြောင်း တွေ့ရှိခဲ့ပါတယ်။
လေ့လာမှု အချက်အလက်တွေကို ၂၀၂၀ မတ်လ မှ ၂၀၂၂ ခုနှစ်အတွင်း ဆေးရုံများသို့ တက်ရောက်လာသော လူနာ ၃၅၀၀ ခန့်ရဲ့ ဆေးစာများကို လေ့လာခြင်းကနေ တွေ့ ရှိခဲ့တာပဲ ဖြစ်ပါတယ်။ လေ့လာမှုဦးဆောင်ရေးသားသူနှင့် UCLA ကျောက်ကပ်ဗေဒ ပါမောက္ခဒေါက်တာ နီလိုဖာ နိုဘတ်ခ် က စဉ်ဆက်မပြတ် ကျောက်ကပ်အစားထိုး ကုထုံး သို့မဟုတ် ကျောက်ကပ် အထူးကြပ်မတ် ကုသဆောင်လူနာများအတွက် ကျောက်ကပ်ဆေးခြင်းပုံစံအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ လေ့လာမှု၏ရည်ရွယ်ချက်မှာ ဆေးရုံတက်နေစဉ် CRRT လိုအပ်သော COVID-19 လူနာများတွင် ကျောက်ကပ်ထိခိုက်မှု ပြင်းထန်မှုကို အကဲဖြတ်ရန် ဖြစ်ပါတယ်။
ယေးလ်တက္ကသိုလ်မှ ဒေါက်တာ အက်ဖ် ပယ်ရီ ဝစ်လ်ဆန် က ကာကွယ်ဆေးထိုးသူများသည် ကျောက်ကပ် ထိခိုက်မှုနှုန်း နည်းပါးရခြင်း၏ အဓိကအကြောင်းရင်းမှာ ကာကွယ်ဆေးများက ပြင်းထန်ဖျားနာမှု ဖြစ်နိုင်ခြေကို လျော့နည်းစေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment