ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ ပုဗ္ဗသီရိမြို့နယ်တွင် ပါတီဝင်များ၊ ဝန်းရံသူများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ ပုဗ္ဗသီရိမြို့နယ်တွင် ပါတီဝင်များ၊ ဝန်းရံသူများနှင့် တွေ့ဆုံ






နေပြည်တော်၊ ဇွန် ၁၅

ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးလှဆွေ၊ ဗဟိုကော်မတီဝင် ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဒေါ်ယဉ်မင်းမြင့်ဆွေတို့သည် ယနေ့ ၊ နေ့လည်(၁)နာရီအချိန်က ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ အဆင့်မြင့်အိမ်ယာရှင်းလင်းဆောင်၌ ပါတီဝင်များ၊ ဝန်ရံသူများ၊ စိတ်ဝင်စားသူများ စုစုပေါင်း(၂၂၅)ဦးနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးလှဆွေ၊ ဗဟိုကော်မတီဝင် ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဒေါ်ယဉ်မင်းမြင့်ဆွေ၊ ဇေယျာသီရိခရိုင် ဥက္ကဋ္ဌ ဦးနွေနှင်းမောင်၊ ကော်မတီဝင်ဦးချစ်ဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးကျော်နိုင်မိုး၊ မြို့နယ်အတွင်းရေးမှူး ဦးဆန်းလွင်နှင့် ကော်မတီဝင်များတက်ရောက်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ မှမိတ်ဆက်စကားပြောကြားပြီး၊ တင်ပြစရာရှိသည်များကို တင်ပြရန်ဖိတ်ခေါ်ခဲ့ရာ စာကြည့်တိုက်နှင့် ရှင်းလင်းဆောင်လိုအပ်ချက်များ တင်ပြခြင်း၊ ငလျင်လှုပ်စဉ်ကာလအတွင်း မီးတာခများနေခြင်းကိစ္စနှင့် အမှိုက်ကားမလာသဖြင့် ရထားလမ်းဘေး၌ အမှိုက်များလာရောက်သွန်ထားသဖြင့် အနံအသက်မကောင်းသောကိစ္စများ တင်ပြပါသည်။

ထို့နောက် တိုင်းကော်မတီဝင် ဒေါ်ယဉ်မင်းမြင့်ဆွေမှ မိတ်ဆက်စကားပြောကြားခြင်း၊ ခရိုင်ဥက္ကဌမှမဲရုံကိစ္စများ၊ မဲရုံကိုယ်စားလှယ် ကိစ္စများဆွေးနွေးခြင်း၊ ဗဟိုကော်မတီဝင် ဦးခင်မောင်ဌေးမှ ယခင်မဲပေးခဲသောအတွေ့အကြုံများနှင့် အာဏာထိမ်းရခြင်းအကြောင်းများရှင်းလင်းခြင်၊ ပြည်ထောင်စုနယ် မြေဥက္ကဋ္ဌ ဦးလှဆွေမှ ပြည်ခိုင်ဖြိုးပါတီအကြောင်း၊ တပ်မတော်အကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေများအကြောင်းနှင့် ရွေးကောက်ပွဲကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တင်ပြချက်များကို ပြန်လည်ဖြေကြားကာ နေ့လည်(၂)နာရီအချိန်တွင် တွေ့ဆုံပွဲပြီးဆုံးခဲ့ပါကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)