ဇွန် - ၁၅ ( တနင်္ဂနွေနေ့ )
ယူကရိန်းဘာသာစကား စောင့်ကြည့်လေ့လာသူတစ်ယောက်က ယူကရိန်းအဆိုတော် ဗာကာဆာဒူချာကာ ရဲ့ မကြာသေးမီက မြို့တော်ကိယက်ဗ်က ဖျော်ဖြေပွဲ တစ်ခုမှာ ရုရှားဘာသာဖြင့် သီချင်းများကို ဖျော်ဖြေခဲ့သည့် အတွက် ရဲတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပါတယ်။
ဘာသာစကားဆိုင်ရာ မဟာမင်းကြီး တာရာ ခရီမင် က နိုင်ငံတော်ဥပဒေအား ချိုးဖောက်မှုများ ဖြစ်နိုင်ပြီး ရုရှားဘာသာစကားဖြင့် လူထုဖျော်ဖြေပွဲများကို မပြုလုပ်ရန် ၂၀၂၃ခုနှစ်တွင် ကိယက်ဗ် တွင် ပိတ်ပင်ထားကြောင်း ဆိုပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အချို့သော အနုပညာရှင်များက ယဉ်ကျေးမှုလွတ်လပ်ခွင့်ကို ကန့်သတ်ထားတယ်လို့ ဝေဖန်ကြပါတယ်။
ဖျော်ဖြေပွဲမှာ ရုရှားဘာသာနဲ့ ဆိုထားတဲ့ သီချင်း အများအပြားပါဝင်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ခရီမင်းက "ပြင်းထန်သောချိုးဖောက်မှု လက္ခဏာများရှိနေပါတယ်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပေးပါ” လို့ စနေနေ့က တောင်းဆိုခဲ့ပါတယ်။ "ဒါဟာ ဥပဒေနဲ့ မဆိုင်ဘဲ နိုင်ငံတော် ဂုဏ်သိက္ခာအတွက်ဖြစ်ပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာနိုင်တဲ့ အတွက်ကြောင့်ပါ" လို့ ဆိုပါတယ်။
ယူကရိန်းဥပဒေမှာတော့ ယဉ်ကျေးမှုဆိုင်ရာပွဲများတွင် နိုင်ငံတော်ဘာသာစကားကို အသုံးပြုရန် ပြဋ္ဌာန်းထား သော်လည်း အနုပညာအရ မျှတတယ်လို့ ယူဆပါက အခြားဘာသာစကားများကို အသုံးပြုဖို့အတွက် ခြွင်းချက်အနေဖြင့် ခွင့်ပြုထားပါတယ်။ ရုရှားဘာသာစကားကို အသုံးပြုတဲ့အတွက် အနုပညာရှင်အချို့မှာ တရားဝင်ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရပြီး အရေးယူမှုကလည်း မညီမညာ ဖြစ်နေတယ်လို့ သိရပါတယ်။
ယူကရိန်းမှာက ရုရှား ဘာသာစကား နဲ့ ယူကရိန်းဘာသာစကား ၂မျိုးလုံးကို သုံးစွဲနေကြပြီး ရုရှား ဘာသာစကားကို ခွဲထုတ်ဖို့အတွက် အလွန်ခက်ခဲပါတယ်လို့ ယူကရိန်းသား အနုပညာရှင်တွေက ဆိုပါတယ်။ "ယူကရိန်းနိုက်ဇေးရှင်း နဲ့ ပတ်သက်ပြီး ကျောင်းတွေ ၊ မီဒီယာတွေ နဲ့ လူမှုဘဝတွေမှာ ကမ့်ပိန်းတွေ လုပ်နေပါတယ်။ ပြဿနာက ရုရှားစကားက တစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့် သုံးနေတာကြောင့်ပါ" လို့ အနုပညာရှင် တစ်ဦးကဆိုသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment