အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့များကို နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ၂၀ မွန်းလွဲပိုင်းအချိန်က ကျုံဒိုးမြို့နယ်၊ နွားခြံကုန်းရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်၊ DKBA အဖွဲများနှင့် အကြမ်းဖက် KNLA အဖွဲတို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ FPV-Drone (ဗုံးသီးအပါ) ၁ စီးအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၀ ရက် နေ့လည်ပိုင်းအချိန်က ကော့ကရိတ်မြို့နယ်၊ ၅ တိုင်ရွာအနီး နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် KNLA အဖွဲတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်သမားများ ဆုတ်ခွာသွားခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်သား ၁ ဦး ဒဏ်ရာရရှိပြီး အကြမ်းဖက် KNLA ၁ လောင်း၊ HK(33) သေနတ် ၁ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ဇူလိုင်လ ၂၀ ရက် ညနေပိုင်းအချိန်က ကျောက်ဖြူမြို့နယ်၊ ပြိုင်စေ့ကေရွာအနီး နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် AA အဖွဲ့တို ထိတွေ့မှုဖြစ်ပွားပြီး အကြမ်းဖက်သမားများ ဆုတ်ခွါသွားသည်။  ဖြစ်စဉ်တွင် မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိပြီး အကြမ်းဖက် AA ၁ လောင်း၊ M-22 သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၁၂၂၀ တောင့်၊ ကျည်အိမ် ၅ ခု၊ RPG ဒုံး ၄ လုံး၊ ၄၀ မမ ဗုံးသီး ၁၁ လုံး၊ အီနာဂါ ၅ လုံး၊ မိုင်းမျိုးစုံ ၇ လုံး တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၂၀ ရက် ညနေ ၆ နာရီခန့်က ပေါက်မြို့နယ်၊ ဆယ်ဝရွာအနီးအား ဒေသခံများ၏ သတင်းပေးမှုအရ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စခန်းပုန်းတစ်ခုအား တွေ့ရှိရှင်းလင်းနိုင်ခဲ့ပြီး FCG(9) သေနတ် ၃ လက်၊ လုပ်သေနတ် ၁ လက်၊ ပစ်ကျင်း ၉၀ ကျင်း၊ ဘန်ကာ ၁၀ လုံး၊ ဗုံးခိုကျင်း ၁၀ ကျင်း၊ တဲ ၁၅ လုံး တို့အား တပ်မတော်သားများ ထိခိုက်မှုမရှိဘဲ သိမ်းပိုက်ရရှိခဲ့သည်။

ထို့အပြင် ဇူလိုင်လ ၂၀ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ဘိုကုန်းရွာအနီး နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် PDF ၆၀ ဦးခန့်နှင့် ထိတွေ့မှု (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာသွားခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး အကြမ်းဖက် PDF ၃ လောင်း၊ လက်နက်မျိုးစုံ ၅ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းပိုက်ရရှိခဲ့သည်။

အလားတူ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၅ နာရီချိန်ခန့်မှစ၍ ညနေ ၅ နာရီအထိ မတ္တရာမြို့နယ်၊ မြကံသာရွာအနီးတွင် လုံခြုံရေးအဖွဲများနှင့် အကြမ်းဖက် PDF အဖွဲတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အဆိုပါနေရာမှ တပ်မတော်အနေဖြင့် ခေတ္တဆုတ်ခွာခဲ့ရသည်။ ဇူလိုင်လ၂၁ ရက်(ယနေ့) မနက်ပိုင်းတွင် ခေတ္တဆုတ်ခွာခဲ့သည့် မြကံသာရွာနေရာအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ရန်သူ့အလောင်း၊ လက်နက်များ သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

ထို့အပြင် ဇူလိုင်လ ၂၀ ရက် ညနေပိုင်းအချိန်တွင် သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေရှင်းစစ်ကြောင်းများနှင့် အကြမ်းဖက် PDF အဖွဲ့တို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး အကြမ်းဖက်သမားများ ဆုတ်ခွာသွားခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်သားများ ထိခိုက်မှုမရှိ၊ အကြမ်းဖက် PDF ၁ လောင်း၊ Type-81 သေနတ် ၁ လက်၊  ကျည်အိမ်/ကျည်ဆန်များ၊ ၄၀ မမ ဗုံးသီး ၇ လုံး၊ အိုင်ကွန်(မကောင်း) ၁ လုံး တို့အား သိမ်းဆည်းရရှိခဲ့သည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)