ဇူလိုင် - ၁၀ ( ကြာသပတေးနေ့ )
အမေရိကန်ကုမ္ပဏီများက အရေးပါသော တွင်းထွက်ပစ္စည်းများကို တတိယနိုင်ငံများမှတစ်ဆင့် အမေရိကားကို ပို့လို့ရအောင် လမ်းကြောင်းပြောင်းခြင်းဖြင့် အစိုးရက တရုတ်ပို့ကုန်များအား ပိတ်ပင်မှုကို အရှိန်လျှော့ သွားအောင် လုပ်နေကြောင်း ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဘေဂျင်း- အမေရိကန် စူပါပါဝါနှစ်နိုင်ငံကြား ပိုမိုကျယ်ပြန့်နေတဲ့ ကုန်သွယ်ရေး ပဋိပက္ခက ရပ်တန့်မသွားပါဘူး။ တရုတ်ရဲ့ မိုက်ခရိုချစ်ပ်များ တင်သွင်းမှုကို ဝါရှင်တန်အစိုးရက ဖြိုခွင်းလိုက်တာကို လက်တုံ့ပြန်သည့်အနေဖြင့် မနှစ်က ဒီဇင်ဘာလတုန်းက တရုတ်က အမေရိကန်သို့ ခနောက်စိမ်း၊ ဂယ်လီယံနှင့် ဂျာမနီယမ် တင်ပို့မှုကို ပိတ်လိုက်ပါတယ်။ အဲ့လို ပိတ်လိုက်လို့ အမေရိကန် နည်းပညာ၊ ကာကွယ်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် အမေရိကန်စီးပွားရေး၏ အဓိကကဏ္ဍများတွင် သိသိသာသာ အနှောင့်အယှက်ဖြစ်စေခဲ့ရပါတယ်။ အဲ့ဒိလုပ်ငန်းတွေအားလုံးက တရုတ်ဆီကလာတဲ့ သဘာဝ အရင်းအမြစ်များအပေါ်တွင် ကြီးကြီးမားမား မှီခိုနေရပါတယ်။
တရုတ်ကုန်ကြမ်းတွေကို ဆက်လက်ရရှိဖို့အတွက် အမေရိကန်ဝယ်လက်တွေက ထိုင်းနှင့် မက္ကဆီကိုတို့လို နိုင်ငံများကို ဖြတ်ကျော်တင်ပို့သည့် လမ်းကြောင်းများဘက်ကို ဉီးလှည့်လိုက်ကြပါတယ်။ ဒီဇင်ဘာလနှင့် ဧပြီလကြားတွင် နှစ်နိုင်ငံစလုံးမှ ခနောက်စိမ်းအောက်ဆိုဒ် တင်သွင်းမှု မြင့်တက်လာကြောင်း ဖော်ပြသည့် အကောက်ခွန်ဒေတာကို ရိုက်တာက ကိုးကားပြီးဖော်ပြလိုက်တာပါ။ အဲ့ဒိ ၅ လအတွင်း ဝယ်ခဲ့တဲ့ ပမာဏက လွန်ခဲ့တဲ့ သုံးနှစ်အတွင်းဝယ်တဲ့ စုစုပေါင်းပမာဏကို ကျော်လွန်သွားခဲ့ပါတယ်။
တရုတ်တင်ပို့မှုမှတ်တမ်းများအရ ထိုင်းနှင့် မက္ကဆီကိုသည် ၂၀၂၅ အတွင်း တရုတ်နိုင်ငံရဲ့ ခနောက်စိမ်းတင်ပို့မှု အများဆုံး နိုင်ငံတွေဖြစ်ခဲ့ပါတယ်။ အမေရိကန် တရုတ်ပစ္စည်းတွေ မပိတ်ခင်တုန်းက အဲ့ဒိနိုင်ငံတွေက တရုတ်ကုန်ကြမ်းအတွက် ဝယ်လိုအား မရှိသလောက်နိုင်ငံတွေဖြစ်ပါတယ်။ ကြားခံလူများမှတစ်ဆင့် ဝယ်ယူခြင်းဖြင့် တရုတ်နိုင်ငံမှထွက်ရှိသော ကန့်သတ်ဓာတ်သတ္တုများကို အမေရိကန်ကုမ္ပဏီနှစ်ခုမှ အောင်မြင်စွာ ၀ယ်ယူနိုင်ခဲ့ကြောင်း အမေရိကန်ကုမ္ပဏီအမှုဆောင်အရာရှိများက အတည်ပြုခဲ့သည်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment