မိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ




မိုင်းတုံ  ၊ ဇူလိုင် ၁၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မိုင်းဆတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲခရိုင်အတွင်းရေးမှူး ဦး‌မောင်ချိုမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲ‌ပေးခြင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့်ရှင်းလင်းခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်း‌ရေးမှူး ဒေါ်နန်းနွမ်းဖောင်မှ မြန်မာအီလက်ထရောနစ်မဲပေးစက်


(MEVM)အကြောင်းအား Power Point ဖြင့် ရှင်းလင်းပြခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသော ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ သင်တန်းသား/သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ   မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဇူလိုင်လ ၁၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၉)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး တစ်ကြိမ်လျှင် သင်တန်းသားဦးရေ (၆၀)ဦးဖြင့် သင်တန်းကာလနှစ်ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ရာ မိုင်းတုံခရိုင်အတွင်းရှိ သင်တန်းသား (၅၄၀)ဦး တက်ရောက်သွားမည်ဖြစ်၍ သင်တန်းတွင် MEVM စက်နှင့် ပါဝင်ပစ္စည်းများ ရှင်းလင်းသရုပ်ပြခြင်း၊ တပ်ဆင်/ဖြုတ်သိမ်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အထွေထွေရွေးကောက်ပွဲပြုလုပ်သော မဲရုံမှူးများအား MEVM စက်စစ်ဆေးရာတွင် လုပ်ဆောင်ရမည့်/စိစစ်ရမည့်အချက်များ၊ စက်ရှိပရင်တာစက္ကူလိပ်တပ်ဆင်ပုံနှင့် လက်ထရီတပ်ဆင်ပုံ၊ မဲပေးစဉ်စက်ချို့ယွင်းပါက အရံစက် လဲလှယ်ရမည့် အခြေအနေလမ်းညွှန်၊ မဲပေးစဉ်အတွင်း အရေးပေါ်ကိစ္စများဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲရေတွက်ခြင်းဇယား၊ မဲရလဒ်ထုတ်ယူနည်းဇယား၊ မဲရုံမှူးဖြည့်သွင်းရမည့်ပုံစံများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ဦးစီအရာရှိ ဒေါ်နန်းနွမ်းဖောင်ထံမှ သိရှိရသည်။


ဝင်းဝင်းခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)