ဇူလိုင် - ၂၇ ( တနင်္ဂနွေနေ့ )
ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည် အေဂျင်စီ (UNRWA) အကြီးအကဲ ဖိလစ်ပီလက်ဇာရီနီ က လက်ရှိ အစ္စရေး တွေရဲ့ လေကြောင်းကနေ အစားအသောက်များ ချပေးနေတဲ့ ကိစ္စက အလုပ်မဖြစ်ဘူးလို့ ပြောလာပါတယ်။
လူဦးရေ ထူထပ်သော နယ်မြေတွေကို ပိတ်ဆို့ထားတာကို ရုတ်သိမ်းပေးဖို့ အစ္စရေးအား တိုက်တွန်းခဲ့ပါတယ်။ ပါလက်စတိုင်း အမျိုးသမီးနဲ့ ကလေး ၉၀,၀၀၀ ဟာ အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာအကူအညီပေးရေးအစီအစဉ်က အစီရင်ခံပြီးနောက်မှာ သူ့ရဲ့မှတ်ချက်စကား ထွက်ပေါ်လာတာပါ။
"ဂါဇာကမ်းမြောင်ကို လေကြောင်းကနေ စားနတ်ရိက္ခာတွေ ချပေးနေတာက နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ ငတ်မွတ်ခေါင်းပါးမှုကို နောက်ပြန်ဆုတ်သွားမှာ မဟုတ်ပါဘူး ။အဲ့ဒါတွေက စျေးကြီးပြီး ထိရောက်မှုမရှိသည့်အပြင် ငတ်မွတ်နေသော အရပ်သားများကိုပင် သေဆုံးစေနိုင်ပါတယ်” လို့ လက်ဇာရီနီက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။
၎င်းက အစ္စရေးအား “ဝိုင်းရံထားမှုကို ရုတ်သိမ်းရန်” နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေး အလုပ်သမားများ အတွက် ဘေးကင်းစွာ ဝင်ရောက်နိုင်ခွင့်ကို အာမခံချက်ပေးရန် တောင်းဆိုခဲ့ပါတယ်။ " ဂျော်ဒန်နှင့် အီဂျစ်ကနေ ဂါဇာကမ်းမြောင်သို့ ဝင်ဖို့အတွက် ကျနော်တို့ရဲ့ စားသောက်ကုန် ကုန်တင်ကား ၆၀၀၀ နီးပါးက ဝင်ရောက်ခွင့်ရဖို့အတွက် မီးစိမ်းပြတာကို စောင့်ဆိုင်းနေပါတယ်"လို့ ရေးတင်ခဲ့ပါတယ်။
"ကားနဲ့မောင်းဝင်ပြီး ပို့ပေးရတဲ့ အကူအညီက ပိုလွယ်တယ်၊ ပိုထိရောက်တယ်၊ ပိုမြန်တယ်၊ စျေးသက်သာတယ်၊ ပိုဘေးကင်းတယ်။ အဲဒါက ဂါဇာကလူတွေအတွက် ပိုသိက္ခာရှိပါတယ်။ လေကြောင်းကနေ ရိက္ခာထုတ်တွေ ပစ်ချပေးတော့ အလုအယက်နဲ့ လုယူကြတာတွေက သိက္ခာမဲ့စွာ ဖြစ်နေပါတယ် "လို့လည်း ရေးတင်ခဲ့ပါတယ်။
ဂျုံမှုန့်၊ သကြား၊ စည်သွတ် အစားအစာ နှင့် အခြား ထောက်ပံ့ရေးပစ္စည်းများ ပါ၀င်သော အထုပ်ကြီး ၇ ထုတ်ကို ချထားပေးပါတယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က မနေ့က ပြောသွားပါတယ် ။ ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းများအတွက် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် စစ်တပ်က ကတိပြုထားပြီး ဒေသတွင်း လူသားချင်းစာနာထောက်ထားမှု ခေတ္တရပ်ထားမှုများကို အကောင်အထည်ဖော်နိုင်ကြောင်း ပြောကြားထားပါတယ်။
ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုတစ်ခုမှာတော့ ပါလက်စတိုင်းတို့ က အစားအသောက်အတွက် စိတ်ပျက်ဖွယ်ရာကောင်းအောင် လုယက် တိုက်ခိုက်နေကြတာကို ပြသထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment