မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်






မြောက်ဥက္ကလာပ၊ ဇူလိုင် ၂၇

၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကိုမြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယနေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Websiteမှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ  သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျား ၇၉၉ ဦး၊ မ ၁၀၄၆ ဦး စုစုပေါင်း  ၁၈၄၅ဦး ဖြေဆိုခဲ့ရာ ဖြေဆိုမှုတွင်အောင်မြင်သူ ကျား ၃၅၀ ဦး၊ မ ၅၇၇ ဦး စုစုပေါင်း ၉၂၇ ဦး ဖြေဆိုအောင်မြင်ကြပြီး အောင်ချက် ရာခိုင်နှုန်းအားဖြင့် ၅၀.၂၄ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက်  မြောက်ဥက္ကလာပမြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ဝင်ရောက်ဖြေဆို‌အောင်မြင်သူ ၉၂၇ ဦး အနက်မှ တစ်ဘာသာဂုဏ်ထူးရှင် ၆၈ ဦး၊   နှစ်ဘာသာဂုဏ်ထူးရှင် ၃၄ ဦး၊   သုံးဘာသာ ဂုဏ်ထူးရှင် ၂၃ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၉ ဦး၊ငါးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ခြောက်ဘာဘာသာဂုဏ်ထူးရှင် ၂ ဦး၊ စုစုပေါင်း ၁၄၀ ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)