ဟင်္သာတ၊ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှစ၍ ထုတ်ပြန်ထားပါသည်။
ဟင်္သာတမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၂၃၀၈ )ဦးရှိသည့်အနက် (၁၂၁၃)ဦး အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်း ( ၅၂.၅၆% )ရှိခဲ့ပြီး(၆) ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၁)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် (၃၀)ဦး ၊ (၁) ဘာသာဂုဏ်ထူးရှင် (၇၄) ဦးရှိကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment