မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်-ရန်ကုန် ယာဉ်အသွားအလာ ယာယီပိတ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်-ရန်ကုန် ယာဉ်အသွားအလာ ယာယီပိတ်ထား





သထုံ၊ ဇူလိုင် ၂၇

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်ဈေးရှေ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်တွင် ‌ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းတွင် ကျိုက်ကော်ရပ်ကွက်ဘုရားကြီးလမ်းနှင့် မြို့မဈေးရှေ့ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ရေကျော်လာခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါနေရာမှ သွားလာမည့် ‌ မော်တော်ယာဉ်များကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားသည်အတွက် ခရီးသွားမည်သူများ စုံစမ်းပြီးမှ သွားကြရန် သတိပေးထားသည်။

ထို့ပြင် ကျိုက္ကော် ဟင်းသီး၊ ဟင်းရွက်၊ အသားငါးဈေးကိုလည်း ဆက်သွယ်ရေးလမ်းဆုံသို့ ရွှေ့ပြောင်းကာ ရောင်းချပေးနေကြောင်း သိရသည်။


Photo-U Soe Win

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)