သံလွင်မြစ်ရေ မြင့်တက်လာသောကြောင့် ဘားအံမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စုများကို ရွှေ့ပြောင်းပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံလွင်မြစ်ရေ မြင့်တက်လာသောကြောင့် ဘားအံမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စုများကို ရွှေ့ပြောင်းပေးလျက်ရှိ






ဘားအံ၊ ဇူလိုင် ၂၇

သံလွင်မြစ်ရေ မြင့်တက်လာသောကြောင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စုများကို အရေးပေါ်  ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ၄ ပေကျော်အထိ ရောက်ရှိနေပြီး ဘားအံမြို့ထဲ ရေဝင်လာခဲ့ပြီး အနိမ့်ပိုင်းရှိ ရပ်ကွက်များ ရေနစ်မြှုပ်ခဲ့ကြောင်း၊ မြို့ထဲရှိ တိုင်းရင်းဆေးရုံ၊ ရွှေကြက်ဖလမ်းဆုံ၊ ၁၀ အိမ်စု၊ ရွှေဖားစည်အိမ်ရာ၊ ရေပေါ်ဈေး စသည့် နေရာများတွင် ရေဝင်နေကြောင်း သိရသည်။ 

ထို့ကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ ဒေသခံများကို ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ပေးထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)